ရှန်ဟိုင်း ၊ နိုဝင်ဘာ ၇ ရက်(ဆင်ဟွာ) အလေးချိန် ၃၅၃ ကီလိုဂရမ် ရှိသော မြေထဲပင်လယ် ဆူးတောင်ပြာ (Bluefin) တူနာငါးတစ်ကောင်ကို ရှန်ဟိုင်းမြို့၌ ကျင်းပသည့် စတုတ္ထအကြိမ်မြောက် တရုတ်နိုင်ငံတကာသွင်းကုန်ပြပွဲ၏ အစားအစာ နှင့် လယ်ယာထွက်ကုန် ပြခန်းဧရိယာ၌ နိုဝင်ဘာ ၆ ရက်တွင် ပြသခဲ့ကြောင်းသိရသည်။
ဘဂ္ဂဒက် ၊ နိုဝင်ဘာ ၇ ရက်(ဆင်ဟွာ) အီရတ်နိုင်ငံဝန်ကြီးချုပ် Mustafa al-Kadhimi ၏ နေအိမ်အား ပစ်မှတ်ထားသည့် ဒရုန်းတစ်စင်းဖြင့် လုပ်ကြံရန် ကြိုးပမ်းမှုတစ်ခုအတွင်း ဝန်ကြီးချုပ်သည် ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်း မရှိကြောင်း ဝန်ကြီးချုပ်ရုံးက ကြေညာချက်တွင် ဖော်ပြထားသည်။
ဟူစတန် ၊ နိုဝင်ဘာ ၇ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ တက္ကဆက်စ်ပြည်နယ် ဟူစတန်မြို့၌ နိုဝင်ဘာ ၅ ရက် ညပိုင်းက ကျင်းပပြုလုပ်သည့် Astroworld ဂီတဖျော်ဖြေပွဲတွင် လူအုပ်ပိမိမှုကြောင့် အနည်းဆုံး လူ ၈ ဦးသေဆုံးပြီး အခြား အမြောက်အမြားထိခိုက်ဒဏ်ရာရသွားကြောင်း ဟူစတန်မြို့တော်ဝန် Sylvester Turner က...
ထရီပိုလီ၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ) လစ်ဗျားနိုင်ငံမှ နိုင်ဂျာနိုင်ငံသို့ ခိုလှုံခွင့်တောင်းခံသူ ၁၇၂ ဦးအား ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ရွှေ့ပြောင်းပေးခဲ့ကြောင်း နိုဝင်ဘာ ၅ ရက်က ပြောကြားခဲ့သည်။
ကုလသမ္မဂ၊နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ) ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ် က နိုဝင်ဘာ ၅ ရက် ကမ္ဘာ့ဆူနာမီအသိပညာပေးနေ့တွင် နိုင်ငံတကာ အသိုင်းအဝိုင်းအား ဆူနာမီ အန္တရာယ်ကို သတိပြုမိရန်နှင့် အန္တရာယ်များ လျှော့ချမှုဆိုင်ရာ ဆန်းသစ်သော နည်းလမ်းများ မျှဝေခဲ့သည်။