ပေကျင်း၊ အောက်တိုဘာ ၂၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် ပစိဖိတ်ကျွန်းနိုင်ငံများနှင့် ပိုမိုနီးကပ်သော ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံဆက်ဆံရေး တည်ဆောင်ရွက်ရန် ဆန္ဒရှိကြောင်း တရုတ် နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက အောက်တိုဘာ ၂၁ ရက်၌ ပြောကြားခဲ့သည်။
မော်စကို၊ အောက်တိုဘာ ၂၂ ရက်(ဆင်ဟွာ) နေတိုးဆိုင်ရာ ရုရှားသံတမန်များကို နှင်ထုတ်ပြီးမှ လုံခြုံရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရန် ပြင်ဆင်နေသည်ဟူသော နေတိုး၏ ပြောကြားချက်သည် “လုံးဝအဓိပ္ပါယ်မဲ့”ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Zakharovaက အောက်တိုဘာ ၂၁ ရက်တွင် ပြောကြားခဲ့သည်။
ခတ္တမန္ဒူ ၊ အောက်တိုဘာ ၂၂ ရက်(ဆင်ဟွာ) နီပေါနိုင်ငံ၌ အချိန်အခါမဟုတ် မိုးရွာသွန်းမှုများကြောင့် ဖြစ်ပေါ်ခဲ့သည့် ရေကြီးရေလျှံမှုများ နှင့် မြေပြိုကျမှုများကြောင့် သေဆုံးသူအရေအတွက်သည် အောက်တိုဘာ ၂၁ ရက် ညနေပိုင်းတွင် ၁၀၁ ဦးထိ မြင့်တက်လာခဲ့ပြီး အခြား လူ ၃၅ ဦးမှာ ပျောက်ဆုံးနေဆဲ ဖြစ်ကြောင်း...
ဝါရှင်တန်၊ အောက်တိုဘာ ၂၂ ရက် (ဆင်ဟွာ) Pfizer နှင့် BioNTech တို့က လူများစွာပါဝင်သော ကိုဗစ်-၁၉ (COVID-19) အားဖြည့်ကာကွယ်ဆေး လက်တွေ့စမ်းသပ်မှုတွင် ရောဂါအား အပြည့်အဝကာကွယ်ပေးနိုင်သည်ကို ပြသလျက်ရှိကြောင်း အောက်တိုဘာ ၂၁ ရက်က ကြေညာခဲ့သည်။
ဂျေရုဆလင်၊ အောက်တိုဘာ ၂၂ ရက်(ဆင်ဟွာ) အစ္စရေးနိုင်ငံ တဲလ်အဗစ်ရှိ အပေါ့စား ရထားလမ်းတွင် ဗုဒ္ဓဟူးနေ့ညက ပထမဆုံး ရထားစမ်းသပ်ပြေးဆွဲမှုပြုလုပ်ခဲ့ကြောင်း အစ္စရေးနိုင်ငံပိုင်ကုမ္ပဏီ NTA Metropolitan Mass Transit Systemက ပြောကြားခဲ့သည်။