အစ္စလာမ်မာဘတ် ၊ အောက်တိုဘာ ၈ ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံအနောက်တောင်ပိုင်း ဘယ်လူချီစတန် ပြည်နယ်တွင် ပြင်းအား ၅.၉ အဆင့်ရှိ ငလျင်တစ်ခုလှုပ်ခတ်ခဲ့ရာ အောက်တိုဘာ ၈ ရက်အထိ ရရှိထားသော စာရင်းများအရ အနည်းဆုံး ၂၀ ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၃၀၀ ကျော်ရှိလာခဲ့ပြီဖြစ်ကြောင်း ပြည်နယ်ပြည်ထဲရေးဝန်ကြီး...
ပေကျင်း၊ အောက်တိုဘာ ၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက ရပ်ဝန်းနှင့် ပိုးလမ်းမအဆိုပြုချက် (BRI) အောက်တွင် အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ဘက်စုံပူးပေါင်းဆောင်ရွက်မှုလုပ်ထုံးလုပ်နည်းများ ထူထောင်ထားရှိကြောင်း နိုင်ငံတော်ကောင်စီ ပြန်ကြားရေးရုံးမှ အောက်တိုဘာ ၈ ရက်၌ ထုတ်ပြန်သည့် စက္ကူဖြူစာတမ်း၌ ဖော်ပြထားသည်။
အန်ကာရာ ၊ အောက်တိုဘာ ၈ ရက်(ဆင်ဟွာ) အယ်လ်ဂျားဇီးယားလေကြောင်းလိုင်း၏ ခရီးသည်တင်လေယာဉ်တစ်စီးသည် အောက်တိုဘာ ၇ ရက်တွင် ဗုံးသတိပေးချက်တစ်ခု ရရှိပြီးနောက် တူရကီနိုင်ငံ Trabzon ပြည်နယ်လေဆိပ်၌ အရေးပေါ်ဆင်းသက်မှု ပြုလုပ်ခဲ့ကြောင်း ဒေသဆိုင်ရာအုပ်ချုပ်ရေးမှူးက ပြောကြားခဲ့သည်။
နယူးဒေလီ၊ အောက်တိုဘာ ၈ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ မဟာပရာဒတ်ရှ်ပြည်နယ် မြို့တော် ဘိုပေါရှိ Van Vihar အမျိုးသားဥယျာဉ်တွင် တောရိုင်းတိရစ္ဆာန်ရက်သတ္တပတ်အတွင်း ကျောင်းသားများက ၎င်းတို့၏ မျက်နှာများတွင် တောရိုင်တိရစ္ဆာန်ပုံများဖြင့် ဆေးခြယ်ထားကြသည်ကို တွေ့ရသည်။
ပေကျင်း ၊ အောက်တိုဘာ ၈ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၌ အမျိုးသားနေ့အားလပ်ရက် (ခုနှစ်ရက်တာ) ကာလအတွင်း ပြည်တွင်းခရီးသွား စုစုပေါင်း ၅၁၅ သန်းအထိ ရှိခဲ့ကြောင်း ယဉ်ကျေးမှု နှင့် ခရီးသွား ဝန်ကြီးဌာန ၏ ထုတ်ပြန်ချက် အရ သိရသည်။