ဂျနီဗာ ၊ စက်တင်ဘာ ၂ ရက်(ဆင်ဟွာ) ရာသီဥတုနှင့် ဆက်စပ်သည့် ဘေးအန္တရာယ် ဖြစ်စဉ်အရေအတွက်သည် ပြီးခဲ့သော နှစ်ပေါင်း ၅၀ ကျော် ကာလ အတွင်း ငါးဆတိုးလာကြောင်း ကမ္ဘာ့မိုးလေဝသအဖွဲ့အစည်း(WMO)က စက်တင်ဘာ ၁ ရက်တွင် ပြောကြားခဲ့သည်။
အင်ချွန်း ၊ စက်တင်ဘာ ၂ ရက်(ဆင်ဟွာ) ၁၉၅၀ -၅၃ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သော ကိုရီးယားစစ်ပွဲတွင် ကျဆုံးခဲ့သည့် တရုတ်စစ်သား ၁၀၉ ဦး၏ ကြွင်းကျန်ရစ်သော နောက်ထပ် အသုံးအဆောင်ပစ္စည်းများကို ကိုရီးယားနိုင်ငံက စက်တင်ဘာ ၁ ရက်တွင် တရုတ်နိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
ဗျူရိုအေးရိစ်၊ စက်တင်ဘာ ၂ ရက် (ဆင်ဟွာ) ပန်အမေရိကန်ကျန်းမာရေးအဖွဲ့ (PAHO) သည် ကိုလံဘီယာနိုင်ငံတွင် တွေ့ရှိခဲ့ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဩဂုတ် ၃၀ ရက်တွင် “အထူးဂရုစိုက်ရမည့် မျိုးရိုးဗီဇကွဲ” အဖြစ် သတ်မှတ်ခဲ့သော နိုဗယ်ကိုရိုနာဗိုင်းရပ်စ် မျိုးရိုးဗီဇကွဲ Mu ၏ လက်တင်အမေရိက၌ ဆင့်ကဲပြောင်းလဲမှုကို စောင့်ကြည့်လျက်ရှိကြောင်း သိရသည်။
ပေကျင်း ၊ စက်တင်ဘာ ၂ ရက်(ဆင်ဟွာ)
ကဘူးလ်၊ စက်တင်ဘာ ၁ ရက် (ဆင်ဟွာ) ပြီးခဲ့သည့် ကြာသပတေးနေ့က ကဘူးလ်လေဆိပ်တွင် အသေခံဗုံးခွဲမှုဖြစ်ပွားစဉ် အာဖဂန်ပြည်သူ ၁၇၀ ဦးနှင့် အမေရိကန်စစ်တပ်မှတပ်ဖွဲ့ ၁၃ ဦး သေဆုံးခဲ့ပြီးနောက် အသက်ရှင်ကျန်ရစ်သူအချို့၏ ထွက်ဆိုချက်များအရ သေဆုံးသူအရေအတွက် မြင့်တက်ရခြင်းမှာ ဗုံးပေါက်ကွဲမှုဖြစ်စဉ်တစ်ခုတည်းကြောင့်မဟုတ်ဘဲ ပဋိပက္ခနှင့် ရုန်းရင်းဆန်ခတ်မှုများအကြား အမေရိကန်စစ်တပ်၏ ပစ်ခတ်မှုများကြောင့်လည်း ပါဝင်ကြောင်းဆိုသည်။...