Connect with us

Media

ကဘူးလ်လေဆိပ်တွင် ပေါက်ကွဲမှုဖြစ်ပွားပြီးနောက်အမေရိကန်စစ်တပ်က လူအုပ်ကြီးအားပစ်ခတ်ခဲ့ကြောင်းမျက်မြင်သက်သေဆို

ကဘူးလ်၊ စက်တင်ဘာ ၁ ရက် (ဆင်ဟွာ)

ပြီးခဲ့သည့် ကြာသပတေးနေ့က ကဘူးလ်လေဆိပ်တွင် အသေခံဗုံးခွဲမှုဖြစ်ပွားစဉ် အာဖဂန်ပြည်သူ ၁၇၀ ဦးနှင့် အမေရိကန်စစ်တပ်မှတပ်ဖွဲ့ ၁၃ ဦး သေဆုံးခဲ့ပြီးနောက် အသက်ရှင်ကျန်ရစ်သူအချို့၏ ထွက်ဆိုချက်များအရ သေဆုံးသူအရေအတွက် မြင့်တက်ရခြင်းမှာ ဗုံးပေါက်ကွဲမှုဖြစ်စဉ်တစ်ခုတည်းကြောင့်မဟုတ်ဘဲ ပဋိပက္ခနှင့် ရုန်းရင်းဆန်ခတ်မှုများအကြား အမေရိကန်စစ်တပ်၏ ပစ်ခတ်မှုများကြောင့်လည်း ပါဝင်ကြောင်းဆိုသည်။

အခင်းဖြစ်စဉ်တွင် ဒဏ်ရာရခဲ့သည့် ၎င်းအမည်ကို Kamyab ဟု ပေးထားသောအမျိုးသားတစ်ဦးသည် ဆေးရုံ ကုတင်ပေါ်တွင်လဲလျောင်းရင်း ဟာမစ်ကာဇိုင်းနိုင်ငံတကာလေဆိပ်တွင် ကြာသပတေးနေ့ညက ၎င်းကြုံတွေ့ခဲ့ရသည့်ဖြစ်ရပ်ဆိုးအကြောင်း ဆင်ဟွာအားပြောပြရာတွင်” ပေါက်ကွဲမှုဖြစ်ပွားပြီးတော့ သေနတ်သံတွေထွက်လာတာပါ၊ သေနတ်ပစ်ခတ်မှုတွေကြောင့် လေဆိပ်အပြင်ဘက်မှာရောက်နေတဲ့ ကျွန်တော်လက်ကို ကျည်ထိမှန်ခဲ့တာပါ” ဟုဆိုသည်။

သူက”ပစ်ခတ်မှုဖြစ်ပွားတဲ့နေရာမှာ လက်နက်ကိုင်ဆောင်ထားသူတွေဆိုလို့ အမေရိကန်စစ်သားတွေပဲ ရှိတာပါ” ဟုဆိုသည်။ “ကျည်ဆန်မိုးတွေရွာတော့ အားလုံးဟာ အခင်းဖြစ်ရာနေရာ ကနေ ကြောက်လန့်တကြားထွက်ပြေးခဲ့ကြတာပါပဲ” ဟုဆိုသည်။

အချို့မှာ အခင်းဖြစ်ရာတွင် မည်သည့်လက်နက်ဖြင့်ထိခိုက်မိသည်ကိုမသိကြသော်လည်း ဒါဏ်ရာရသူအချို့ထံမှ အမေရိကန်နိုင်ငံလုပ်ကျည်ဆန်များအားခွဲစိတ်ရရှိခဲ့သည်။

ကြာသပတေးနေ့က ကဘူးလ်မြို့လေဆိပ် အရှေ့ဘက်ဂိတ်တွင် လူအုပ်ကြီးသည် အာဖဂန်နိုင်ငံမှ ထွက်ခွါရန် ကယ်ဆယ်ရေးလေယာဉ် စောင့်ဆိုင်းနေစဥ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ အနည်းဆုံး အာဖဂန်ပြည်သူ ၁၇၀ ကျော်နှင့် အမေရိကန်စစ်သား‌ ၁၃ ဦးသေဆုံးခဲ့ပြီး လူပေါင်း ၂၀၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ အစ္စလာမ်မစ်(IS) လက်အောက်ခံ ပြည်တွင်းအဖွဲ့တစ်ဖွဲ့ဖြစ်သည့် ISIS-K က ဖောက်ခွဲမှုမှာ ၎င်းတို့လက်ချက်ဖြစ်ကြောင်း ကြေညာသည်။

ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ISIS သေနတ်သမားများက ပစ်ခတ်ခဲ့ရာ လေဆိပ် ဝင်ပေါက်တွင် “ရှုပ်ထွေးသောတိုက်ခိုက်မှု” ဖြစ်ပွါးခဲ့ရကြောင်း ပင်တဂွန်က ထုတ်ပြန်ခဲ့သည်။ သို့ရာတွင် အမေရိကန်လက်နက်ကိုင်များစွာ ပြည့်နှက်နေသည့်လေဆိပ်ဧရိယာတွင် ISIS-K တိုက်ခိုက်ရေးသမားများက မည်သို့တိုက်ခိုက်ခဲ့ပြီး တိုက်ခိုက်ရေးသမားတစ်ဦးတစ်လေ၏ ရုပ်အလောင်း သို့မဟုတ် ကျည်ဆန်သင့်တိုက်ခိုက်ရေးသမားတစ်ယောက်ကိုမျှပင် မတွေ့ရှိခဲ့ခြင်းမှာ သံသယများစွာဖြစ်ပေါ်စေခဲ့သည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က အမေရိကန်နိုင်ငံစစ်သားများသေဆုံးခြင်းအပေါ် လက်တုံ့ပြန်သွားမည်ဟု ကြေညာခဲ့သည်။
သောကြာနေ့တွင် ISIS-K တို့ပုန်းခိုရာ နေရာဟုသံသယရှိသည့်အာဖဂန်အရှေ့ပိုင်း Nangarhar ပြည်နယ်ကို သောကြာနေ့တွင်လည်းကောင်း လေဆိပ်အနောက်ဘက် ကပ်လျက်ရှိဒေသများကို တနဂ်နွေ နေ့တွင်လည်းကောင်း အမေရိကန်စစ်တပ်က ဒရုန်းဖြင့်တိုက်ခိုက်မှုများပြုလုပ်ခဲ့သည်။

အမေရိကန်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အပြစ်မဲ့အရပ်သားများထိခိုက်သေကြေခဲ့ရကြောင်း တာလီဘန်တို့က ထုတ်ပြန်ခဲ့ပြီး ယင်းလုပ်ရပ်မှာ ယခင်နှစ်က ဒိုဟာတွင် လက်မှတ်ရေးထိုးခဲ့သည့် အမေရိကန်-တာလီဘန်ငြိမ်းချမ်းရေးသဘောတူစာချုပ်အားဖောက်ဖျက်ရာရောက်ကြောင်းဆိုသည်။ (Xinhua)
…………………………….
(English Version)
GLOBALink | U.S. troops shooting crowd after Kabul airport blast: Afghan survivors
KABUL, August 31 (Xinhua) — After the deadly suicide blast which killed some 170 Afghan people and 13 U.S. soldiers at the Kabul airport on Thursday, some survivors have raised the possibility that a number of Afghan people were actually killed by American fire amid the chaos and confusion instead of by bombing.

Lying on a hospital bed on Monday, an injured Afghan man who only gave his name as Kamyab told Xinhua about his ordeal at the Hamid Karzai international airport on Thursday night. “The blast was followed by gunshots and due to the firing, my hand was injured outside the airport,” he recalled.

“No other armed men except the American soldiers were in the area when the shooting took place,” he said. “Under a rain of bullets, everyone was trying to escape the tragic scene.”
Some injured claimed on condition of anonymity that U.S.-made bullets had been extracted from some wounded people.

At least 170 Afghans and 13 U.S. soldiers were killed and about 200 people wounded in the blast that hit an eastern gate of the airport on Thursday, when huge crowds were awaiting evacuation flights. ISIS-K, a local affiliate of the Islamic State group, claimed responsibility for the bombing.
The Pentagon said there was firing from “ISIS gunmen” after the bombing, and called the gunfire at the airport gate “a complex attack.” However, there were doubts about how the ISIS-K fighters could launch such a massive attack at the heavily-fortified airport area and why no dead bodies of the fighters have been found, as well as about the bullets’ suspicious trajectories.

U.S. President Joe Biden has vowed to avenge the deaths of the U.S. soldiers. U.S. military forces launched drone strikes against ISIS-K suspects in the eastern Nangarhar province on Friday and a neighborhood west of the airport on Sunday.

The Taliban said the U.S. air strikes have caused civilian casualties and violated the U.S.-Taliban peace deal signed in Doha last year.
Produced by Xinhua Global Service

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.