ချိန်တူး၊ သြဂုတ် ၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ စီချွမ်းပြည်နယ် အနောက်တောင်ဘက် ချိန်တူးမြို့တွင် COVID-19 ကူးစက်ခံရမှု အတန်အသင့်ဖြစ်ပွားခဲ့ရာ ထိုဒေသတွင်နေထိုင်သည့် ဒေသခံ ၃,၀၀၀ ခန့်ကို ၎င်းတို့ နေအိမ်များ၌ သီးခြားနေထိုင်မှု ကွာရန်တင်းထားရှိရာ လိုအပ်သည့် နေ့စဉ်သုံးပစ္စည်းများအတွက် မောင်းသူမဲ့ပစ္စည်းပို့ယာဉ်တစ်စင်းဖြင့် လှည့်လည်ပို့ဆောင်ပေးနေကြောင်း သိရသည်။ ချိန်တူးမြို့အတွင်း၌...
အစ္စတန်ဘူလ်၊ သြဂုတ် ၅ ရက် (ဆင်ဟွာ) တောမီးသည် တူရကီနိုင်ငံအနောက်တောင်ပိုင်း Mugla ပြည်နယ်ရှိ အပူစွမ်းအင်သုံး ဓာတ်ပေါင်းဖို လျှပ်စစ်ဓာတ်အားပေးစက်ရုံတစ်ခုသို့ ရောက်ရှိလာသောကြောင့် အနီးအနားရှိ မြို့များမှ လူများအား သြဂုတ် ၄ ရက်တွင် ဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေးခဲ့ရကြောင်း သိရသည်။
ဝါရှင်တန်၊ သြဂုတ် ၅ ရက် (ဆင်ဟွာ) အမေရိကန်ပြည်ထောင်စု၌ ပြီးခဲ့သည့် ဇူလိုင်လနောက်ဆုံးနှစ်ပါတ်အတွင်း COVID-19 အတည်ပြုလူနာသစ်၏ ပျမ်းမျှ ၉၃.၄ ရာခိုင်နှုန်းမှာ Delta ဗီဇပြောင်းဗိုင်းရပ်စ်ဖြစ်ကြောင်း အမေရိကန်ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးစင်တာ မှ သြဂုတ် ၄ ရက်တွင် ထုတ်ပြန်သော ကိန်းဂဏန်းများအရ သိရသည်။
ဝူဟန့်၊ ဩဂုတ် ၅ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ဝူဟန့်တွင် ဩဂုတ် ၄ ရက်က အဓိကလူအုပ်စုရှိရာ နေရာနှင့် အဓိကဒေသများ၏ Nucleic acidစစ်ဆေးမှုများ ပြီးဆုံးခဲ့ရာ ဩဂုတ် ၆ ရက်မတိုင်မီ တစ်မြို့လုံးလွှမ်းခြုံ Nucleic acidစစ်ဆေးမှုများ ပြုလုပ်ပြီးဖြစ်ကြောင်း ဝူဟန့်မြို့ ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်း သတင်းစာရှင်းလင်းပွဲ...
ဂျေရုဆလမ်၊ ဩဂုတ် ၅ ရက် (ဆင်ဟွာ) အစ္စရေးနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက ကိုရိုနာဗိုင်းရပ်စ်ရောဂါ မြင့်တက်လာစဉ်အတွင်း နိုင်ငံပေါင်း ၁၈ နိုင်ငံအား ခရီးသွားလာခြင်းဆိုင်ရာ ပြင်းထန်သော သတိပေးချက်တစ်ရပ်ကို ဩဂုတ် ၃ ရက်က ထုတ်ပြန်လိုက်ကြောင်း သိရသည်။