ပေကျင်း ၊ ဇူလိုင် ၅ ရက်(ဆင်ဟွာ) တရုတ်ကွန်မြူနစ်ပါတီ(CPC) နှင့် ကမ္ဘာ့ပါတီများ ထိပ်သီးအစည်းအဝေးကို တရုတ်ကွန်မြူနစ်ပါတီအထွေထွေအတွင်းရေးမှူးချုပ် နှင့် တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် ပေကျင်းမြို့မှနေ၍ ဗီဒီယိုလင့်ခ်မှတဆင့် ပါဝင် တက်ရောက်ကာ မိန့်ခွန်းပြောကြားသွားမည်ဖြစ်ကြောင်း သိရသည်။
ဂျေရုစလမ် ၊ ဇူလိုင် ၅ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံထုတ် လုပ်ငန်းသုံး လျှပ်စစ်ဗန်ကားကြီးများ ပထမသုတ်ကို အစ္စရေးနိုင်ငံသို့ တင်ပို့၍ ရောင်းချခဲ့ရကြောင်း အစ္စရေးနိုင်ငံရှိ တရုတ်ကားတင်သွင်းသည့် လုပ်ငန်းကုမ္ပဏီက ဇူလိုင် ၄ ရက်တွင် ပြောကြားခဲ့သည်။
မနီလာ၊ ဇူလိုင် ၅ ရက်(ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း Suluပြည်နယ်၌ ဇူလိုင် ၄ ရက်က ဖြစ်ပွားခဲ့သည့် စစ်လေယာဉ်ပျက်ကျမှုတွင် သေဆုံးသူ (၄၅)ဦးအထိ မြင့်တက်လာပြီး အခြား ဒဏ်ရာရသူ (၅၃)ဦး၊ ပျောက်ဆုံးနေဆဲဖြစ်သူ (၅)ဦး ရှိကြောင်း ဖိလစ်ပိုင်ကာကွယ်ရေးဝန်ကြီးဌာနက ယင်းနေ့ညပိုင်းတွင် အတည်ပြု ပြောကြားခဲ့သည်။
ဝူးလူမုချီ၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်းကျန်းဝေဂါကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေရှိ Horgos ကုန်တင်စခန်းမှ တရုတ်နိုင်ငံနှင့် ဥရောပ နိုင်ငံများအကြား ဇွန် ၃၀ ရက်အထိ ကုန်ပစ္စည်းတင်ရထား အခေါက်ရေပေါင်း ၃,၀၅၇ ခေါက် ပြေးဆွဲနိုင်ခဲ့ပြီး ကုန်ပစ္စည်းတန်ချိန်ပေါင်း ၄.၂၈၇ သန်း သယ်ယူပို့ဆောင်နိုင်ခဲ့ရာ ၎င်းမှာ...
ရှီဇုအိုကာ၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံ အလယ်ပိုင်းတွင် စနေနေ့က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကြီးမားသော ရွှံ့ညွန်ပြိုကျမှု ဖြစ်ပွားပြီး လူ ၂ ဦးသေဆုံးကာ အခြား ၂၀ ခန့် ပျောက်ဆုံးလျက်ရှိကြောင်း၊ ကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက် နေကြောင်းသိရသည်။