Connect with us

Media

ဂျပန်နိုင်ငံ ရွှံ့ညွန်ပြိုကျမှု၌ ကယ်ဆယ်ရေးလုပ်ငန်းများဆက်လက်ဆောင်ရွက်

ရှီဇုအိုကာ၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ)

ဂျပန်နိုင်ငံ အလယ်ပိုင်းတွင် စနေနေ့က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကြီးမားသော ရွှံ့ညွန်ပြိုကျမှု ဖြစ်ပွားပြီး လူ ၂ ဦးသေဆုံးကာ အခြား ၂၀ ခန့် ပျောက်ဆုံးလျက်ရှိကြောင်း၊ ကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက် နေကြောင်းသိရသည်။ကယ်ဆယ်ရေးလုပ်သားများက အခင်းဖြစ်ပွားရာ ရွှံ့ညွန်ထဲတွင်ပိတ်မိနေသူများအား ဆက်လက်ရှာဖွေ ကယ်ဆယ်လျက်ရှိသည်။ ရွှံ့ညွန်ထဲတွင် မိမိတို့နေအိမ်များအတွင်းပိတ်မိနေသူများထံမှ အကူအညီ တောင်းခံသည့် ဖုန်းလက်ခံရရှိမှု ၁၀ ခုခန့်ရှိခဲ့သည်။

ဂျပန်နိုင်ငံ အလယ်ပိုင်း နှင့် အရှေ့ပိုင်း ပစိဖိတ်ကမ်းရိုးတန်းဒေသတစ်လျှောက်တွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး သဘာဝဘေးသည် တိုကျိုမြို့ အနောက်တောင်ပိုင်း Shizuoka စီရင်စု Atami မြို့၌ စနေနေ့ ဒေသစံတော်ချိန် နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် ဖြစ်ပွားခဲ့သည်။

အဆိုပါ ရွှံ့ညွန်ပြိုကျမှုသည် ကမ်းခြေအထိ ရိုက်ခတ်ရောက်ရှိသွားကြောင်း အာဏာပိုင်များက ပြောကြားခဲ့ပြီး သေဆုံးသူ နှစ်ဦးကိုသာ ကမ်းခြေစောင့်တပ်ဖွဲ့ဝင်များက ရှာဖွေတွေ့ရှိခဲ့ကြောင်း စီရင်စု အစိုးရက ဆိုသည်။

ကမ်းခြေ အပန်းဖြေမြို့အဖြစ် ထင်ရှားသည့် Atami မြို့ရှိ အိမ်ထောင်စု ၂၁,၀၀၀ ခန့်ကို ၎င်းတို့၏ လုံခြုံရေးအတွက် ဘေးလွတ်ရာသို့ အလျင်အမြန်ပြောင်းရွှေ့ရန် ဒေသဆိုင်ရာအာဏာပိုင်များက အမိန့်ထုတ်ပြန်ခဲ့ပြီး ကယ်ဆယ်ရေးအစီအစဉ်ကိုလည်း အမြင့်ဆုံးတပ်လှန့်ထားကြောင်း သိရသည်။

ယင်းရွှံ့ညွန်ပြိုကျမှုဖြစ်စဉ်တွင် မိသားစုဝင်ပေါင်း ၃၀၀ အထိ သက်ရောက်မှုရှိခဲ့ကြောင်းလည်း ဒေသဆိုင်ရာ တာဝန်ရှိသူများက ဆိုသည်။

ဂျပန်နိုင်ငံအစိုးရ က အချိန်နှင့်တပြေးညီ မြေပြင်သတင်းအချက်အလက်စုဆောင်းရန် ဝန်ကြီးချုပ်ရုံး ၌ အထူးအဖွဲ့တစ်ခုကို စေလွှတ်ထားသည်။

ဂျပန်မိုးလေဝသအေဂျင်စီက နိုင်ငံအတွင်း ကယ်ဆယ်ရေးအတွက် အမြင့်ဆုံးအဆင့်တပ်လှန့်မိန့် ထုတ်ပြန်ခဲ့ပြီး ပြည်သူများ ရွှံ့ညွန်ပြိုကျမှု၊ရေလွှမ်းမိုးမှုနှင့် မြစ်ရေကြီးမှုဆိုင်ရာ သဘာဝဘေးအန္တရာယ်များအား သတိပေးချက်ထုတ်ပြန် ကြောင်း သိရသည်။ (Xinhua)
………………………………
GLOBALink | Rescue underway after massive mudslide in central Japan
TOKYO, July 4 (Xinhua) — Rescue operation is underway after a massive mudslide in central Japan left 2 dead and 20 missing.

The massive mudslide was triggered by torrential rain, local authorities said.
Rescue workers are conducting a search operation in the mudslide-stricken area for victims. They have received about 10 calls from people who are trapped in their houses.

The disaster occurred at about 10:30 a.m. local time in Atami city in Shizuoka prefecture southwest of Tokyo, as heavy rainfall swept areas along the Pacific coast in central and eastern Japan.

The authorities said the mudslide has reached the nearby coast. The two with no vital signs were discovered by the coast guard at a port, the prefectural government said.

Around 21,000 households in Atami, a city known for hot spa resorts, were ordered to ensure their safety immediately as the local government issued the highest level of evacuation alert. Up to 300 households were affected by the mudslide, according to local officials.
The Shizuoka prefectural government has called for help from the Self-Defense Forces in disaster relief, and the Ground Self-Defense Force dispatched around 30 personnel to the area in response to the request.
The government has set up a task force at the prime minister’s office to collect information.
The Japan Meteorological Agency urged maximum alert and called on people to be vigilant over mudslides, flooding and swollen rivers.

Produced by Xinhua Global Service

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.