အန်းဟွေး၊ ဇူလိုင် ၁၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အန်းဟွေးပြည်နယ် လူးကျန်းခရိုင် ပိုင်ဟူရေကန်မြို့နယ်သည် ရေအရင်းအမြစ်ပေါကြွယ်ဝသည့် နေရာဖြစ်ရာ ကြာစွယ် ၊ဝက်မြေဇာဥ၊ ကြက်ခေါင်းပင်စေ့(Gorgon nut)စသည့် အစိမ်းရောင် စီးပွားဖြစ်စိုက်ပျိုးမှုကဏ္ဍကို အားသွန်ခွန်စိုက် ဖွံ့ဖြိုးအောင် ဆောင်ရွက်လျက်ရှိသည်။
လော့စ်အိန်းဂျလိစ် ၊ ဇူလိုင် ၁၃ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဒီယေဂိုရေတပ်အခြေစိုက်စခန်းတွင် အမေရိကန်စစ်သင်္ဘောတစ်စင်းပေါ်၌ ဇူလိုင် ၁၂ ရက် နံနက်ပိုင်းက မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့ရာ သင်္ဘောသား ၁၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
မွမ်ဘိုင်း၊ ဇူလိုင် ၁၂ ရက်(ဆင်ဟွာ) အိန္ဒိယ ဘောလိဝုဒ် မင်းသားကြီး အမီတာဘဂျမ်းနှင့် ၎င်း၏သားဖြစ်သူတို့ COVID-19ရောဂါ ကူးစက်ခံရကြောင်းနှင့် မွမ်ဘိုင်းတွင် ဆေးရုံတက် ဆေးကုသမှုခံယူလျက်ရှိကြောင်း ဇူလိုင် ၁၁ ရက် ညပိုင်းက ၎င်းတို့၏လူမှုကွန်ရက်မီဒီယာတွင် အသီးသီးအတည်ပြု ပြောကြားခဲ့သည်။
ခတ္တမန္ဒူ၊ ဇူလိုင် ၁၂ ရက် (ဆင်ဟွာ) နီပေါနိုင်ငံ အနောက်ပိုင်း Myagdiခရိုင်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရွှံ့သဲကျောက်မြေစီးဆင်းမှုများ ဖြစ်ပွားခဲ့ရာ လူ ၂၇ ဦးသေဆုံးပြီး ၄ ဦး ပျောက်ဆုံးလျက်ရှိကြောင်း နီပေါနိုင်ငံ ရဲတပ်ဖွဲ့က ဇူလိုင် ၁၁ ရက်တွင် ပြောကြားခဲ့သည်။
ဝါရှင်တန်၊ ဇူလိုင် ၁၂ ရက်(ဆင်ဟွာ) အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်သည် ဇူလိုင် ၁၁ ရက်က မေရီလန်းပြည်နယ်ရှိ Walter Reed အမျိုးသားစစ်ဘက်ဆိုင်ရာ ဆေးကုသရေးစင်တာသို့သွားရောက်စဉ် အများရှေ့တွင် ပထမဆုံးအကြိမ် နှာခေါင်းစည်းတပ်ဆင်ခဲ့ကြောင်း သိရသည်။