ပေကျင်း ၊ မေ ၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် တရုတ်နိုင်ငံအလယ်ပိုင်း ဟူနန်ပြည်နယ်၌ (ကိုယ့်ဟာကိုယ်- ဆောက်လုပ်ထားသော) လူနေအဆောက်အဦတစ်လုံးပြိုကျမှုဖြစ်ပွားပြီးနောက် ရှာဖွေရေး နှင့် ကယ်ဆယ်ရေး ကြိုးပမ်းအားထုတ်မှုများကို အစွမ်းကုန်လုပ်ဆောင်သွားရန် အမိန့်ပေးညွှန်ကြားခဲ့ကြောင်း သိရသည်။ ဟူနန်ပြည်နယ် မြို့တော် ချန်းရှမြို့ ဝမ်းချန်ခရိုင်၌ သောကြာနေ့(ဧပြီ ၂၉ ရက်) မွန်းလွဲ...
ရန်ကုန် ၊ မေ ၁ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ နှင့် တရုတ်နိုင်ငံတို့အကြား ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုသဘောတူစာချုပ်(RCEP)သည် ယနေ့ မေ ၁ ရက်တွင် စတင်အသက်ဝင်လာခဲ့ပြီး မြန်မာ-တရုတ် နှစ်နိုင်ငံကုန်သွယ်မှုတွင် မြန်မာ့စီးပွားရေး လုပ်ငန်းများအနေဖြင့် စာချုပ်က ပေးအပ်သည့် အကောက်ခွန်အထူးအခွင့်အရေးတို့ကို အသုံးပြု၍ အကျိုးကျေးဇူးများ ခံစားရရှိနိုင်မည်...
ရန်ကုန်၊ မေ ၁ ရက် (ဆင်ဟွာ) လက်ကောက်ဝတ် အထက်မှ ပြတ်တောက်သွားသော လက်အား ပြန်လည် ဆက်ပေးသည့် ခွဲစိတ်ကုသမှု ကို ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ဆောင်ရွက်နိုင်ပြီဖြစ်ကြောင်း အဆိုပါ ဆေးရုံကြီးရှိ အကြောအဆစ်ရောဂါကုပညာဌာနမှ တာဝန်ကျ ဆရာဝန်တစ်ဦးက ပြောကြားသည်။ ” ဘယ်ဘက်လက် လက်ကောက်ဝတ် အထက်ကနေ ပြတ်တောက်သွားတဲ့လူကို ဆရာတို့...
ကိုလံဘို ၊ မေ ၁ ရက်(ဆင်ဟွာ) သီရိလင်္ကာနိုင်ငံတွင် ပို့ကုန်သမားများအနေဖြင့် ၎င်းတို့၏ နိုင်ငံခြားဝင်ငွေများကို သီရိလင်္ကာရူပီးငွေကြေးဖြင့် ပြောင်းလဲကိုင်ဆောင်ရမည့် ကန့်သတ်ချက်စည်းမျဉ်းများကို သိပ်မကြာမီကာလအတွင်း ပယ်ဖျက်ပေးသွားမည်ဖြစ်ကြောင်း ဗဟိုဘဏ်က ဧပြီ ၂၉ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။ သီရိလင်္ကာနိုင်ငံ၏ နိုင်ငံခြားအရန်ငွေကြေး တိုးမြင့်အားကောင်းလာစေရန် ရည်ရွယ်၍ မကြာသေးခင် ပို့ကုန်သမားများအား ၎င်းတို့၏...
ဘဂ္ဂဒတ် ၊ မေ ၁ ရက် (ဆင်ဟွာ) အီရတ်နိုင်ငံ အနောက်ပိုင်း အန်ဘာပြည်နယ်(Anbar) ရှိ အမေရိကန် စစ်ဘက်ဆိုင်ရာ ကျွမ်းကျင်သူများ နှင့် အဖွဲ့အစည်းများ နေထိုင်ရာ အိမ်ရာဝင်းတည်ရှိသည့် လေတပ်အခြေစိုက်စခန်းတစ်သည် ဧပြီ ၃၀ ရက်တွင် ကတ်ယုရှ (Katyusha) ဒုံးကျည် နှစ်စင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခံခဲ့ရကြောင်း...