Connect with us

Education & Health

လက်ကောက်ဝတ် အထက်မှ ပြတ်တောက်သွားသော လက်အား ပြန်လည် ဆက်ပေးသည့် ခွဲစိတ်ကုသမှု ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ဆောင်ရွက်နိုင်ခဲ့

ပြတ်တောက်သွားသော လက်ကို ပြန်လည် ဆက်ပေးထားသည့် လူနာအားတွေ့ရစဉ်(ဓာတ်ပုံ-ကျန်းမာရေးဝန်ကြီးဌာန)

ရန်ကုန်၊ မေ ၁ ရက် (ဆင်ဟွာ)

လက်ကောက်ဝတ် အထက်မှ ပြတ်တောက်သွားသော လက်အား ပြန်လည် ဆက်ပေးသည့် ခွဲစိတ်ကုသမှု ကို ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ဆောင်ရွက်နိုင်ပြီဖြစ်ကြောင်း အဆိုပါ ဆေးရုံကြီးရှိ အကြောအဆစ်ရောဂါကုပညာဌာနမှ တာဝန်ကျ ဆရာဝန်တစ်ဦးက ပြောကြားသည်။

ပြတ်တောက်သွားသော လက်ကို ပြန်လည် ဆက်ပေးထားသည့် လူနာအားတွေ့ရစဉ်(ဓာတ်ပုံ-ကျန်းမာရေးဝန်ကြီးဌာန)

ပြတ်တောက်သွားသော လက်ကို ပြန်လည် ဆက်ပေးထားသည့် လူနာအားတွေ့ရစဉ်(ဓာတ်ပုံ-ကျန်းမာရေးဝန်ကြီးဌာန)

” ဘယ်ဘက်လက် လက်ကောက်ဝတ် အထက်ကနေ ပြတ်တောက်သွားတဲ့လူကို ဆရာတို့ အောင်မြင်စွာခွဲပေးနိုင်ခဲ့ပြီ၊ သူ့ရဲ့ မူလလက်နဲ့ပဲ ပြန်ဆက်ပေးခဲ့တယ်၊ နောက်ကုသပေးဖို့ လူနာတွေ ဆေးရုံကို အချိန်မီရောက်ဖို့၊ နောက် ပြတ်တောက်သွားတဲ့လက် ကို လူနာနဲ့အတူ ယူလာနိုင်ဖို့ ဒါတွေတော့ လိုလိမ့်မယ်”ဟု ၎င်းကဆိုသည်။

ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်တွင် နေထိုင်သည့် ငါဖမ်းလုပ်ငန်းလုပ်ကိုင်သူအမျိုးသားတစ်ဦးသည် ဧပြီ ၁၄ ရက် နေ့လယ်ပိုင်းတွင် ဓားဖြင့် ခုတ်ခံရခြင်း ကြောင့် ဘယ်ဘက်လက်၏ လက်ကောက်ဝတ်အထက်မှ ပြတ်တောက်သွားသည့် ဒဏ်ရာ (Amputated Left Forearm)ဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ အဆိုပါနေ့ရက် ညနေ ပိုင်းတွင် ပြတ်တောက် သွားသော လက်နှင့်အတူ ရောက်ရှိလာကြောင်း သိရသည်။

အဆိုပါ လူနာရောက်ရှိလာသည်နှင့် တစ်ပြိုင်နက် ပြတ်တောက်သွားသော လက်အားပြန်လည် ဆက်နိုင် ရေးအတွက် လိုအပ်သော စမ်းသပ်စစ်ဆေးမှုများပြုလုပ်ပြီး ၇ နာရီဝန်ကျင်ခန့်အရေးပေါ်ခွဲစိတ်ကုသပေးခဲ့ရကြောင်း၊ ၎င်းလူနာ၏ လက်မှာ ခွဲစိတ်ပြီးချိန်မှစတင်၍ သွေးကြောများ ဖြည်းဖြည်းချင်း ပြန်လည် လှည့်ပတ်စီးဆင်း လာပြီးဧပြီ ၂၅ ရက်နေ့မှစတင်၍ အကြောအဆစ်ရောဂါကုပညာဌာန ပြင်ပလူနာဌာနတွင် လေ့ကျင့်ခန်းများ လုပ်ဆောင် လျက်ရှိရာ ဧပြီ ၂၉ ရက်နေ့တွင် ဆေးရုံမှ ဆင်းခွင့်ပြုပြီးဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

ထိုကဲ့သို့ ပြတ်တောက်သွားသောလက်ကို ပြန်လည်ဆက်ပေးသည့် ခွဲစိတ်ကုသမှုဆောင်ရွက်နိုင်ရန် အတွက် ပထမဦးစွာ ပြတ်တောက်သွားသည့်လက်ကို Normal Saline (သို့မဟုတ်) ရေကျက်အေးနှင့် ဆေးကြောရမည်ဖြစ်ပြီး ထိုသို့ဆေးကြောသန့်စင်ပြီးပါက သန့်ရှင်းသည့် ပလတ်စတစ်အိတ်ဖြင့် ထုပ်ပိုးရမည်ဖြစ်ကြောင်း၊ (ဖြစ်နိုင်ပါက ပလတ်စတစ်အိတ်ထဲတွင် Normal Saline စိမ်ထားသော ပိုးသတ်ထားသည့် ပတ်တီးစ အကြီးဖြင့်စည်း၍ ထည့်ပေးပါ)။ ထို့နောက် ရေခဲပုံးထဲသို့ ထည့်၍ ဆေးရုံသို့ သယ်ဆောင်လာရမည်ဖြစ်ကြောင်း၊ လက် စတင်ပြတ်တောက်သည့် အချိန်မှ (၄) သို့မဟုတ် (၆) နာရီအတွင်း လက်ပိုင်းဆိုင်ရာခွဲစိတ်ကုသမှုအထူးကု ဆရာဝန်ကြီးများရှိရာ ဆေးရုံကြီးများသို့ ရောက်ရှိပါက အကောင်းဆုံး ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.