ဖေဖော်ဝါရီ (၂၁) ရက် (ဆင်ဟွာ) မကြာမီ ကျရောက်တော့မည့် ၂၂-၂-၂၀၂၂ နေ့ရက်သည် ရက်စွဲအားဖြင့် (၂)ဂဏန်း ၆ လုံးပါဝင်သည့် နေ့ရက်ဖြစ်သည်။ဖေဖော်ဝါရီ (၂၂) ရက် ၂၀၂၂ ခုနှစ်သည် ရက်စွဲအရ ထူးခြားမှုရှိသလို နက္ခတ် ဗေဒင်ပညာရပ်ပိုင်းဆိုင်ရာ အနေဖြင့်လည်း ထူးခြားပြောင်းလဲမှုတွေ ရှိလာနိုင်ကြောင်း ခေတ်မှီ နက္ခတ်ဗေဒင်ပညာရှင်များအဖွဲ့၏...
ဟောင်ကောင်၊ဖေဖော်ဝါရီ ၂၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ပြည်မကြီးမှ ပံ့ပိုးလှူဒါန်းသည့် ပထမအသုတ် ကပ်ရောဂါတိုက်ဖျက်ရေး တရုတ်တိုင်းရင်းဆေးဗူး ၁၅၀,၀၀၀ သည် ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသသို့ ဖေဖော်ဝါရီ ၂၀ ရက်က ရောက်ရှိခဲ့သည်။ နောက်ထပ် တရုတ်တိုင်းရင်းဆေး ၃ သိန်း ကျော်ကိုလည်း အသုတ်ခွဲ၍ ဟောင်ကောင်သို့ ထပ်မံပေးပို့သွားမည် ဖြစ်ကြောင်း သိရသည်။
လန်ဒန်၊ဖေဖော်ဝါရီ ၂၁ ရက်(ဆင်ဟွာ) ဗြိတိန်ဘုရင်မကြီး အဲလိဇဘက်(၂) သည် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရကြောင်း ဗြိတိန်တော်ဝင်မိသားစုက ဖေဖော်ဝါရီ ၂၀ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။
ပေကျင်း ၊ ဖေဖော်ဝါရီ ၂၁ ရက်(ဆင်ဟွာ) ပေကျင်း ၂၀၂၂ ပြိုင်ပွဲ ပိတ်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၂၀ ရက်တွင် ကျင်းပပြုလုပ်ခဲ့ပြီး အိုလံပစ်အလံအား ၂၀၂၆ အိုလံပစ်ဆောင်းရာသီပြိုင်ပွဲ လက်ခံကျင်းပမည့် မီလန်မြို့ နှင့် Cortina d’Ampezzo မြို့များ၏ မြို့တော်ဝန်များထံသို့ အသီးသီးလွှဲ ပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။