နယူးဒေလီ၊ စက်တင်ဘာ ၁၃ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အလယ်ပိုင်း မတ်ဒယာပရာဒက်ရှ်ပြည်နယ်တွင် လှေတိမ်းမှောက်မှုကြောင့် အနည်းဆုံး လူ ၁၁ ဦး သေဆုံးခဲ့ကြောင်း စက်တင်ဘာလ ၁၃ ရက် သတင်းများအရ သိရသည်။
ကင်ရှာဆာ၊ စက်တင်ဘာ ၁၃ ရက် (ဆင်ဟွာ) ကွန်ဂို ဒီမိုကရက်တစ်သမ္မတနိုင်ငံ (DRC) တန်ဂါရီကာပြည်နယ် အရှေ့တောင်ပိုင်းတွင် စက်တင်ဘာလ ၁၂ ရက် နံနက်အစောပိုင်းက ကုန်တင်ရထားတစ်စင်း လမ်းချော်မှုကြောင့် လူ ၅၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ဒေသခံအာဏာပိုင်များက ပြောခဲ့သည်။
အန်ကာရာ၊ စက်တင်ဘာ ၁၃ ရက်(ဆင်ဟွာ) တူရကီနိုင်ငံ အရှေ့တောင်ပိုင်း ဒီရာဘာကာပြည်နယ်အတွင်း စက်တင်ဘာလ ၁၂ ရက်က လမ်းဘေး ဗုံးပေါက်ကွဲမှုတစ်ရပ ်ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူလေးဦး သေဆုံးပြီး ၁၃ ဦး ပြင်းထန်စွာ ဒဏ်ရာရခဲ့ ကြောင်း ဒီရာဘာကာပြည်နယ်အုပ်ချုပ်ရေးမှူးရုံးကပြောကြားခဲ့သည်။
ဂျကာတာ၊စက်တင်ဘာ ၁၂ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံတွင် လနှင့်ချီကာ တောမီးလောင်ကျွမ်းမှုကြောင့် အိမ်နီးချင်းနိုင်ငံများဖြစ်သော မလေးရှားနိုင်ငံ နှင့် စင်ကာပူနိုင်ငံတို့ တွင် မီးခိုးငွေ့များ ပျံ့နှံ့ရောက်ရှိနေပြီး လေထုထဲ ညစ်ညမ်းမှု များ ဖြစ်ပေါ်နေကြောင်း သိရသည်။
ဟာရာရီ ၊ စက်တင်ဘာ ၁၂ ရက် ၊ (ဆင်ဟွာ) ကွယ်လွန်သူ ဇင်ဘာဘွေနိုင်ငံ သမ္မတဟောင်း မူဂါဘီ၏ ကြွင်းကျန်ရုပ်အလောင်းကို စင်ကာပူနိုင်ငံမှတဆင့် မိခင်နိုင်ငံသို့ စက်တင်ဘာ ၁၁ ရက်တွင် ပြန်လည်သယ်ဆောင်ခဲ့သည်။