မော်စကို ၊ ဩဂုတ် ၄ ရက်(ဆင်ဟွာ) နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေးအခန်းကဏ္ဍတွင် ထိတွေ့လုပ်ဆောင်မှုများရှိခဲ့ခြင်းကြောင့် ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနသည် အက်စ်တိုးနီးယားနိုင်ငံသံတမန်တစ်ဦးအား မကြိုဆိုထိုက်သူ“ persona non grata” အဖြစ်ကြေညာ၍ နိုင်ငံမှ နှင်ထုတ်လိုက်ကြောင်း သိရသည်။
ဂျေရုစလင် ၊ ဩဂုတ် ၄ ရက်(ဆင်ဟွာ) ပြီးခဲ့သော ရက်သတ္တပတ်တွင် ပင်လယ်ကွေ့၌ အစ္စရေးက-စီမံအုပ်ချုပ်သော လောင်စာဆီတင်သင်္ဘောတစ်စင်းတိုက်ခိုက်ခံရမှုကို အီရန်က ကျူးလွန်ကြောင်း အစ္စရေးဖက်က စွပ်စွဲထားပြီး ယင်းကိစ္စနှင့်ပတ်သက်၍ အီရန်နိုင်ငံအပေါ် အရေးယူမှုပြုလုပ်နိုင်ရန်အတွက် အစ္စရေးအနေဖြင့် နိုင်ငံတကာထောက်ခံအားပေးမှုကို စုဆောင်းလျက်ရှိကြောင်း အစ္စရေးဝန်ကြီးချုပ် နဖ့်တာလီဘန်းနတ်က ဩဂုတ် ၃ ရက်တွင် ထုတ်ဖော်...
အစ္စတန်ဘူလ်၊ဩဂုတ် ၄ ရက်(ဆင်ဟွာ) တူရကီနိုင်ငံ တောင်ပိုင်း နှင့် အနောက်တောင်ပိုင်းရှိ ပြည်နယ်များစွာတွင် တောမီးများအကြီးအကျယ်လောင်ကျွမ်းနေရာ မှန်းဆ၍ မရနိုင်သောအနေအထားကြောင့် COVID-19 ကပ်ရောဂါကြောင့် ဆုံးရှုံးမှုများအားပြန်လည်နလံထူရေး လာမည့် နွေရာသီတွင် ခရီးသွားလုပ်ငန်း ပြန်လည်စတင်ရန် မျှော်လင့်ချက်မှာလည်း လျော့ပါးမှေးမှိန်သွားခဲ့ရကြောင်း သိရသည်။
ဝါရှင်တန် ၊ ဩဂုတ် ၄ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ ပင်တဂွန်စစ်ဌာချုပ်အပြင်ဘက် ဘတ်စ်ကားမှတ်တိုင်တွင် ဩဂုတ် ၃ ရက်နံနက်ပိုင်းက သေနတ်ပစ်ခတ်မှုတစ်ခုဖြစ်ပွားပြီးနောက်ပိုင်း ရဲအရာရှိတစ်ဦးသေဆုံးသွားကြောင်း အာဏာပိုင်များက ဆိုသည်။
ကျဲ့ကျန်း၊သြဂုတ် ၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အရှေ့ပိုင်းတွင် အကျဉ်းထောင်၌ အကျဉ်းသားများအား အီလက်ထရောနစ် စီးပွားရေးကို ကျွမ်းကျင်တတ်မြောက်စေရန်အခွင့်အလမ်းဖန်တီးပေးထားလျက်ရှိကြောင်းသိရသည်။ ကနဦး အစီအစဉ်အနေဖြင့် နည်းပညာလုပ်ငန်းစုကြီး Alibaba နှင့်ပူးပေါင်းကာ အကျဉ်းသားများ အကျဉ်းကျ ကာလ ပြီးဆုံးပါက ဘဝ အသစ်များရရှိစေရန် ရည်ရွယ်၍ အီလက်ထရောနစ်စီးပွားရေးသင်တန်းကို ပို့ချပေးခြင်းဖြစ်သည်။ တရုတ်နိုင်ငံအရှေ့ပိုင်း...