Connect with us

Science & Technology

တရုတ်နိုင်ငံက ထျန်းဝန်-၁ အာကာသယာဉ်မှ ရိုက်ကူးထားသော အင်္ဂါဂြိုဟ်ဓာတ်ပုံအသစ် ထုတ်ပြန်

တရုတ် အမျိုးသားအာကာသစီမံခန့်ခွဲမှုဦးစီးဌာန (CNSA) က ထုတ်ပြန်လိုက်သော ထျန်းဝန်-၁ အာကာသယာဉ်၏ orbiter ပေါ်တွင် တပ်ဆင်ထားသော ရုပ်ထွက်မြင့်မားသည့်ကင်မရာဖြင့် ရိုက်ကူးထားသော ဓာတ်ပုံအသစ်အား တွေ့ရစဉ် (ဓာတ်ပုံ- China National Space Administration/Handout via Xinhua)

ပေကျင်း၊ ဇွန် ၈ ရက် (ဆင်ဟွာ)

တရုတ်အမျိုးသားအာကာသစီမံခန့်ခွဲမှုဦးစီးဌာန (CNSA) က ထျန်းဝန်-၁ အာကာသယာဉ်က ရိုက်ကူးထားသော ဓာတ်ပုံအသစ်တစ်ပုံကို ဇွန် ၇ ရက်တွင် ထုတ်ပြန်ခဲ့ကြောင်း၊ အဆိုပါ ဓာတ်ပုံတွင် ဂြိုဟ်နီကြီး၏ မျက်နှာပြင်ပေါ်သို့ ပထမဆုံး အင်္ဂါဂြိုဟ်ပေါ်သွားယာဉ်နှင့် ဂြိုဟ်ပေါ်ဆင်းသက်သည့် ပလက်ဖောင်းကို ပြသထားကြောင်း သိရသည်။ဇွန် ၂ ရက် ပေကျင်းစံတော်ချိန် ညနေ ၆ နာရီက ထျန်းဝန်-၁ ၏ ဂြိုဟ်ပတ်လမ်းကြောင်းသွားယာဉ်ပေါ်တွင် တပ်ဆင်ထားသော ရုပ်ထွက်မြင့်မားသည့်ကင်မရာဖြင့် ရိုက်ကူးထားသော အဆိုပါ ဓာတ်ပုံတွင် အပေါ်ဘက်ထောင့်နားတွင် ထောက်ပသော အကွက်နှစ်ခုကို မြင်တွေ့နိုင်သည်။ ချိုင့်အကြီးတစ်ခုမှာ ယာဉ်ဆင်းသက်သော ပလက်ဖောင်းဖြစ်ပြီး အသေးတစ်ခုမှာမူ အင်္ဂါဂြိုဟ်ပေါ်သွား Zhurong ယာဉ်ဖြစ်ကြောင်း CNSA က ပြောခဲ့သည်။

ဂြိုဟ်ပတ်လမ်းကြောင်းသွားယာဉ် (orbiter) ၊ ဂြိုဟ်ပေါ်ဆင်းသက်ယာဉ် (lander) နှင့် ဂြိုဟ်ပေါ်သွားယာဉ် (rover) တို့ကို ပေါင်းစည်းထားသော တရုတ်နိုင်ငံ၏ ထျန်းဝန်-၁ မစ်ရှင်အား ၂၀၂၀ ပြည့်နှစ် ဇူလိုင် ၂၃ ရက်တွင် လွှတ်တင်ခဲ့ခြင်း ဖြစ်သည်။ rover အား သယ်ဆောင်ထားသော lander သည် အင်္ဂါဂြိုဟ်၏ မြောက်ဘက်ခြမ်းရှိ ကျယ်ပြန့်သောကွင်းပြင် Utopia Planitia ၏ တောင်ဘက်ခြမ်း၌ မေ ၁၅ ရက်က ဆင်းသက်ခဲ့ခြင်းဖြစ်သည်။

Zhurong ဂြိုဟ်ပေါ်သွားယာဉ်သည် အင်္ဂါဂြိုဟ်မျက်နှာပြင်ရှိ ယာဉ်ဆင်းသက်ရာပလက်ဖောင်းမှ မေ ၂၂ ရက်တွင် ဆင်းသက်လာခဲ့ပြီး အင်္ဂါဂြိုဟ် စူးစမ်းလေ့လာရေးစတင်လျက်ရှိကြောင်း၊ တရုတ်နိုင်ငံသည် အင်္ဂါဂြိုဟ်ပေါ်သို့ ဆင်းသက်ပြီး လှည့်လည်သွားလာရန် အမေရိကန်နိုင်ငံပြီးလျှင် ဒုတိယမြောက်နိုင်ငံ ဖြစ်လာခဲ့သည်။

ယာဉ်ဆင်းသက်ရာပလက်ဖောင်းအနီးဝန်းကျင်တွင် မည်းမှောင်နေသောဧရိယာမှာ ဆင်းသက်စဉ် အင်ဂျင် တပ်ဆင်ထားခြင်းကြောင့် ဖြစ်နိုင်ကြောင်း၊ ယာဉ်ဆင်းသက်ရာပလက်ဖောင်း၏ မြောက်-တောင်လမ်းကြောင်းရှိ တောက်ပသော အချိုးညီညီအကွင်းများမှာ ယာဉ်ဆင်းသက်ပြီးနောက် ကျန်ရှိသောလောင်စာဆီကို ယာဉ်ဆင်းသက်ရာပလက်ဖောင်းပေါ် စွန့်ပစ်စဉ် အမှုန်များမှ ဖြစ်ပေါ်လာခြင်းဖြစ်နိုင်ကြောင်း CNSA က ပြောကြားခဲ့သည်။

ဓာတ်ပုံ၏ အလယ်ဗဟိုရှိ တောက်ပသော အကွက်များမှာ entry capsule ၏ နောက်အဖုံးနှင့် ယာဉ်ဆင်းသက်စဉ် လေထီးစွန့်ပစ်ခြင်းဖြစ်ကြောင်း၊ ဓာတ်ပုံ၏ အောက်ဘက် ဘယ်ဘက်ရှိ နောက်ထပ် တောက်ပသောအကွက်မှာမူ entry capsule ၏ အပူကာဖြစ်ကြောင်း CNSA က ပြောခဲ့သည်။

ဇွန် ၆ ရက်အထိ ဂြိုဟ်ပေါ်သွားယာဉ် Zhurong သည် သဘာဝပတ်ဝန်းကျင်လေ့လာရန်၊ အင်္ဂါဂြိုဟ်မျက်နှာပြင်တစ်ဝိုက် ရွေ့လျားရန်နှင့် သိပ္ပံပညာရပ်ဆိုင်ရာ စူးစမ်းလေ့လာမှု ဆောင်ရွက်ရန် အင်္ဂါဂြိုဟ်ပေါ်ရှိရက် ၂၃ ရက်ကြာ အင်္ဂါဂြိုဟ်မျက်နှာပြင်ပေါ်တွင် လုပ်ငန်းဆောင်ရွက်လျက်ရှိကြောင်း၊ အင်္ဂါဂြိုဟ်ပေါ်ရှိတစ်ရက်သည် ခန့်မှန်းခြေအားဖြင့် ကမ္ဘာပေါ်ရှိ တစ်ရက်ထက် မိနစ် ၄၀ ကျော်ကြာမြင့်ကြောင်း သိရသည်။

Rover နှင့်အတူပါရှိသော သိပ္ပံပညာရပ်ဆိုင်ရာ ကိရိယာများအားလုံးသည် အချက်အလက် စုဆောင်းရန် ပြောင်းလဲလုပ်ဆောင်ခဲ့သည်။
ဂြိုဟ်ပေါ်သွားယာဉ် Zhurong သည် တရုတ်နိုင်ငံ ရှေးဟောင်းဒဏ္ဍာရီတွင် မီးနတ်ဘုရားပြီးနောက် နာမည်ပေးထားခြင်းဖြစ်သည်။ အဆိုပါ မစ်ရှင်၏ နာမည်သည် ဂြိုဟ်နီကြီးအား တရုတ်နာမည် Huoxing (မီးဂြိုဟ်) ဖြစ်ပြီး မိုးကောင်းကင်သို့မေးခွန်းများဟု ဆိုလိုသည်။ ယင်းနာမည်မှာ (ဘီစီ ၃၄၀-၂၇၈ ခန့်) က တရုတ် ကဗျာဆရာ Qu Yuan ၏ ကဗျာတစ်ပုဒ် ခေါင်းစဉ်လည်း ဖြစ်ကြောင်း သိရသည်။

အင်္ဂါဂြိုဟ်နေ့ရက်ပေါင်း ၉၀ ထက်မနည်းသက်တမ်းနှင့်အတူ Zhurong သည် ရုပ်ထွက်မြင့်မားသော သုံးဘက်မြင်ကင်မရာဖြင့် အင်္ဂါဂြိုဟ်အခင်းအကျင်းကို မှတ်တမ်းတင်ခြင်းနှင့် ဂြိုဟ်မျက်နှာ ဖွဲ့စည်းမှုများကို လေ့လာဆန်းစစ်မည်ဖြစ်ကြောင်း၊ Zhurong သည် ဂြိုဟ်ပေါ်ရှိတည်ဆောက်ပုံနှင့် သံလိုက်စက်ကွင်းကို လေ့လာခြင်း၊ ရေခဲသဲလွန်စများကို ရှာဖွေခြင်းနှင့် အနီးဝန်းကျင်ရှိ မိုးလေဝသပတ်ဝန်ကျင်ကို စူးစမ်းလေ့လာခြင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အင်္ဂါဂြိုဟ်နှစ်တစ်နှစ် သက်တမ်း (ကမ္ဘာဂြိုဟ်ပေါ်ရှိ ရက်ပေါင်း ၆၈၇ ရက်ခန့်) ဖြင့် ဒီဇိုင်းထုတ်ထားသော orbiter သည် ၎င်း၏ သိပ္ပံနည်းလမ်းကျ ရှာဖွေရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် rover အတွက် ဆက်သွယ်ရေးများ အစားထိုးသွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)
…………………………………………
(English Version)

China releases new Mars image taken by Tianwen-1 probe

BEIJING, June 7 (Xinhua) — The China National Space Administration (CNSA) Monday released a new image taken by the Tianwen-1 probe, showing the country’s first Mars rover and its landing platform on the red planet’s surface.
In the image, taken by a high-resolution camera installed on the orbiter of Tianwen-1 at 6 p.m. on June 2 (Beijing Time), two bright spots are visible in the upper right corner. The larger one is the landing platform, and the smaller one is the Zhurong Mars rover, the CNSA said.

China’s Tianwen-1 mission, consisting of an orbiter, a lander, and a rover, was launched on July 23, 2020. The lander carrying the rover touched down in the southern part of Utopia Planitia, a vast plain in the northern hemisphere of Mars, on May 15.

The rover Zhurong drove down from its landing platform to the Martian surface on May 22, starting its exploration of the red planet, and making China the second country after the United States to land and operate a rover on Mars.
The dark area surrounding the landing platform might be caused by the influence of the engine plume during landing. The symmetrical bright stripes in the north-south direction of the landing platform might be from fine dust when the landing platform emptied the remaining fuel after landing, the CNSA said.

The bright spots in the center of the image are the back cover of the entry capsule and the parachute jettisoned during the landing. Another bright spot in the lower left of the image is the heat shield of the entry capsule, the CNSA said.
As of June 6, the rover Zhurong has been working on the surface of Mars for 23 Martian days to detect the environment, move around the surface, and carry out scientific exploration. A Martian day is approximately 40 minutes longer than a day on Earth.

All scientific equipment aboard the rover is turned on to collect data.
The rover Zhurong is named after the god of fire in ancient Chinese mythology. The name echoes with the Chinese name for the red planet, Huoxing (the fire planet), while the name of the mission, Tianwen, means Questions to Heaven. It is the title of a poem by the ancient Chinese poet Qu Yuan (circa 340-278 BC).

With an expected lifespan of at least 90 Martian days (about three months on Earth), Zhurong will record the Martian landscape with high-resolution three-dimensional images and analyze the material composition of the planet’s surface. It will also detect its sub-surface structure and magnetic field, search for traces of ice and observe the surrounding meteorological environment.

The orbiter, with a design life of one Martian year (about 687 days on Earth), will relay communications for the rover while conducting its own scientific detection operations. Enditem
A new image released by the China National Space Administration (CNSA), taken by a high-resolution camera installed on the orbiter of Tianwen-1 at 6 p.m. on June 2 (Beijing Time), shows the landing platform and the Zhurong Mars rover on the Martian surface. The CNSA on Monday released a new image taken by the Tianwen-1 probe, showing the country’s first Mars rover and its landing platform on the red planet’s surface. (China National Space Administration/Handout via Xinhua)