Connect with us

Local

စိန်တစ်လုံးသရက်သီးများကို မေလကုန်မှ စ၍ စင်ကာပူနိုင်ငံသို့ ပြန်လည်တင်ပို့နိုင်ခဲ့

သီရိမင်္ဂလာဈေးလက်ကားဈေးကွက်တွင် သရက်သီးများကို အလုပ်သမားများက ကုန်သေတ္တာလဲသို့ထည့်နေစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇွန် ၈ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ် ပင်းတယမြို့နယ်မှဒေသထွက်စိန်တစ်လုံးသရက်သီးများကို စင်ကာပူနိုင်ငံသို့ မေလကုန်မှ စ၍ ပြန်လည်တင်ပို့နိုင်ခဲ့ပြီး ဆက်လက်တင်ပို့နိုင်ရန် ဆောင်ရွက်ပေးလျက်ရှိကြောင်း မန္တလေးတိုင်းဒေသကြီး သရက်သီးအသင်းဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ယနေ့ ဇွန် ၈ ရက်တွင်ပြောသည်။ဒီနှစ်က ကွန်တိန်နာအခက်အခက်အခဲ ရှိတော့ မနှစ် ကထက်ပြည်ပကို သရက်သီးတင်ပို့နိုင်မှု အများကြီးနည်းခဲ့တယ်။ မေလ ကုန်ခါနီးမှ ပဲ သင်္ဘောရတဲ့အတွက် အော်ဒါစပို့နိုင်တာပါ။ အအေးခန်းကွန်တိန်နာ တွေ အခက်အခဲကြောင့် ပြည်ပကို မပို့နိုင်ခဲ့တာပါ။ ဒီနှစ်ကတော့ သင်္ဘောရတဲ့အတွက် စင်ကာပူနိုင်ငံကို ပဲ ပို့ဖြစ်ပါတယ်။ ဟုဒေါ်သန်းသန်းဆွေကပြောသည်။

ရှမ်းပြည်နယ်တောင်ပိုင်းဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသပင်းတယမြို့နယ်အတွင်း
ရပ်ကွက်ကျေးရွာများရှိ သရက်စိုက်ပျိုးရေးခြံများမှစိုက်ပျိုးထားသောဒေသထွက်ထွက်စိန်တစ်လုံးသရက်သီးများကိုမြန်မာနိုင်ငံသစ်သီးဝလံနှင့်ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်ရောင်းချရေးအသင်းနှင့်ဆက်သွယ်ကာ စင်ကာပူနိုင်ငံသို့ပို့ဆောင်ရောင်းချပေးလျှက်ရှိကြောင်းသိရှိရသည်။

၂၀၂၀ပြည့်နှစ်တွင် ဧပြီလ ကုန်နှင့်မေလဆန်းများတွင် သရက်သီးစတင်တင်ပို့ခဲ့ပြီး၊ ယခုနှစ်တွင် မေလကုန်မှ စတင် တင်ပို့နိုင်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက သရက်သီးတင်ပို့နိုင်မှုများစွာကျဆင်းခဲ့ပြီး၊ တောင်သူများ အဆင်ပြေစေရန် သင်္ဘောလိုင်းရရှိပါက ပြည်ပသို့ သရက်သီးဆက်လက်ပို့ဆောင်နိုင်ရန် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းဆိုသည်။

“သင်္ဘောလိုင်းဆက်ရခဲ့ရင် ရှမ်းပြည်နယ်တောင်ပိုင်းက အသီးတွေက သြဂုတ်လ အထိ ဆက်ထွက်တော့ ဆက်လက်တင်ပို့နိုင်ဖို့ ကူညီသွားမယ်။ တောင်သူတွေကို အရည်သွေးကောင်းကောင်လုပ်ထားဖို့ အကြံပြုချင်ပါတယ်။ အရည်အသွေးကောင်းရင်တော့ ဈေးကောင်းရမှာပါ “ဟု ၎င်းကဆက်ပြောသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.