ဟူနန်၊ ဧပြီ ၁၉ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ အလယ်ပိုင်း ဟူနန်ပြည်နယ် တွင် တစ်နာရီလျင် ၃၅ဝ ကီလိုမီတာ အမြန်နှုန်းဖြင့်မောင်းနှင် နိုင်မည့် မြန်နှုန်းမြင့်ရထားကို အလိုအလျောက်မောင်းနှင်ပြေးဆွဲတော့မည်ဖြစ်သည်။ ရထားမှာ အလိုအလျောက် မောင်းနှင် ရပ်တန့်နိုင်မည်ဖြစ်ပြီး၊တံခါးအဖွင့်အပိတ်များနှင့် ဘူတာ ဆိုက်ကပ် ရပ်နားမှုများကို အချိန်ဇယားအတိုင်းသွားလာနိုင်မည်ဖြစ်သည်။ ရထားမောင်းနှင်သူ အနေဖြင့် အရေးပေါ်အခြေအနေနှင့်...
နယူးဒေလီ၊ ဧပြီ ၂၀ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ မြောက်ပိုင်းဥသာပရာဒက်ရှ်ပြည်နယ်တွင် ဧပြီလ ၂၀ ရက် အစောပိုင်းက ခရီးသည်တင် ရထားတစ်စင်း တွဲချော်မှုကြောင့် ခရီးသည် ၁၃ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ဝင်များက ပြောကြားခဲ့သည်။
ဂျကာတာ၊ ဧပြီ ၂၀ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ ဘာလီရှိ I Gusti Ngurah Rai အပြည်ပြည်ဆိုင်ရာလေဆိပ် အဆောက်အအုံအမှတ် (၁)တွင် ဧပြီလ ၁၉ ရက်နေ့က မီးလောင်မှုဖြစ်ပွားရာ၊ ရာနှင့်ချီသည့်ခရီးသည်များ သောင်တင်ခဲ့ရကြောင်း သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနမှ အကြီးတန်းအရာရှိကပြောသည်။
ရန်ကုန်၊ ဧပြီ ၁၉ ရက် (ဆင်ဟွာ) အာရှ ယူ၁၉ အမျိုးသမီးချန်ပီယံရှစ် ဘောလုံးခြေစစ်ပွဲ ဒုတိယအဆင့် ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ပြိုင်ပွဲကျင်းပရာ မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့သို့ ဧပြီလ ၁၈ရက်နေ့က ရောက်ရှိခဲ့ပြီး ယနေ့ ဧပြီလ ၁၉ရက်နေ့ နံနက်ပိုင်းမှ စတင်ကာ လေ့ကျင့်ရေးအစီအစဉ်များကို ပြုလုပ်လျက်ရှိကြောင်း...
အစ္စလာမ်မာဘတ်၊ ဧပြီ ၁၉ ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ တောင်ပိုင်း ဆင်းပြည်နယ်တွင် ဧပြီလ ၁၉ ရက် နံနက်ပိုင်းက ခရီးသည်တင် အဝေးပြေးကားတစ်စီး တိမ်းမှောက်ခဲ့ခြင်းကြောင့် လူ ၈ ဦးထက်မနည်းသေဆုံးကာ ၄၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံ Urdu TV ချန်နယ်အရ သိရသည်။