Connect with us

Politics, Law & Military

တရုတ်နိုင်ငံခြားရေးဝန်ကြီး တရုတ်-အာဆီယံ ဆွေးနွေးဖက် ဆက်ဆံရေး ထူထောင်ခြင်း နှစ်(၃၀)ပြည့်အထိမ်းအမှတ် နိုင်ငံခြားရေးဝန်ကြီးများ အထူးအစည်းအဝေး တက်ရောက်

တရုတ်-အာဆီယံ ဆွေးနွေးဖက် ဆက်ဆံရေး နှစ်(၃၀)ပြည့်အထိမ်းအမှတ် နိုင်ငံခြားရေးဝန်ကြီးများ အထူးအစည်းအဝေးကို ဇွန်လ ၇ ရက်က တရုတ်နိုင်ငံ ချုံချင့်၌ ကျင်းပပြုလုပ်စဉ်(ဆင်ဟွာ)

ချုံချင့် ၊ ဇွန် ၈ ရက် (ဆင်ဟွာ)

တရုတ်-အာဆီယံ ဆွေးနွေးဖက်ဆက်ဆံရေး ထူထောင်ခြင်း နှစ် (၃၀) ပြည့် အထိမ်းအမှတ် နိုင်ငံခြားရေးဝန်ကြီးများ အထူးအစည်းအဝေး ကို ဇွန်လ ၇ ရက်တွင် တရုတ်နိုင်ငံ ချုံချင့်၌ ကျင်းပပြုလုပ်ခဲ့သည်။ တရုတ်နိုင်ငံနိုင်ငံတော်ကောင်စီဝင် ၊ နိုင်ငံခြားရေးဝန်ကြီးဝမ်ရိ နှင့် တရုတ်-အာဆီယံ ဆက်ဆံရေးညှိနှိုင်းဆောင်ရွက်မှုနိုင်ငံဖြစ်သည့် ဖိလစ်ပိုင်းနိုင်ငံခြားရေးဝန်ကြီး Teodoro Locsin တို့ကအစည်းအဝေး ပူးတွဲ သဘာပတိအဖြစ် ဦးစီးကျင်းပပြုလုပ်ခဲ့ပြီး အာဆီယံ အဖွဲ့ဝင်နိုင်ငံများ၏ နိုင်ငံခြားရေးဝန်ကြီး နှင့် အာဆီယံ အတွင်းရေးမှူးချုပ်တို့က အစည်းအဝေးသို့ အတူတကွ တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် ဝမ်ရိ က လွန်ခဲ့သည့် နှစ်ပေါင်း ၃၀ အတွင်း တရုတ်နိုင်ငံ နှင့် အာဆီယံ သည် အတူတကွ လက်တွဲ၍ ရှေ့သို့ချီတက်ခဲ့ကြပြီး မဟာဗျူဟာမိတ်ဖက်ဆက်ဆံရေး အနှစ်သာရမှာလည်း အဆက်မပြတ် ပြည့်ဝလာခဲ့ကြောင်း ၊ နိုင်ငံရေးလုံခြုံမှု ၊ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ၊ လူမှုရေး နှင့် ယဉ်ကျေးမှု ကဏ္ဍကြီး ၃ ရပ်တွင် ပူးပေါင်းဆောင်ရွက်မှုအောင်မြင်မှုများစွာရရှိခဲ့ကြောင်း ၊ လက်ရှိချိန်တွင် အတိုင်းအတာအကြီးမားဆုံးသော ကုန်သွယ်ရေးမိတ်ဖက် ၊ အနှစ်သာရအပြည့်ဝဆုံးသော ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက် နှင့် အတက်ကြွဆုံးသော မဟာဗျူဟာ မိတ်ဖက်တို့ဖြစ်လာခဲ့ကြောင်း ၊ အောင်မြင်မှုများရရှိစေခဲ့သည့် အဓိက အကြောင်းရင်းမှာ တစ်ဖက် နှင့် တစ်ဖက် နိုင်ငံခြားဆက်ဆံရေးနယ်ပယ်တွင် အမြဲတမ်းဦးစားပေးနေရာတွင် ထားရှိခဲ့ခြင်းကြောင့် ဖြစ်ကြောင်း ၊ ပြည်သူလူထုကိုသာ အဓိကထား၍ လက်တွေ့ကြသည့် ပူးပေါင်းဆောင်ရွက်မှုများကို စုစည်းဆောင်ရွက်ခဲ့ခြင်းကြောင့် ဖြစ်ကြောင်း ၊ ကာလတစ်လျှောက် မိတ်ဆွေ စိတ်ဓာတ်ကို ထိန်းသိမ်းခဲ့ပြီး ကြီးမားသည့် စိန်ခေါ်မှုများကို အတူတကွ လက်တွဲရင်ဆိုင်ခဲ့သောကြောင့် ဖြစ်ကြောင်း ၊ တံခါးဖွင့်ခြင်းကို ကာလတစ်လျှောက် ခိုင်မြဲစွာဆောင်ရွက်ခဲ့ပြီး အပြန်အလှန်အကျိုးဖြစ်ထွန်းစေမှုကို အကောင်အထည်ဖော်ခဲ့ခြင်းကြောင့် ဖြစ်ကြောင်း ၊ ကာလတစ်လျှောက် ကြီးမားသည့်အခင်းအကျင်းကိုသာ အလေးထားပြီး သဘောထားကွဲလွဲမှုကို သင့်လျော်သည့် နေရာတွင် ထားရှိခဲ့သောကြောင့် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် ဝမ်ရိ က တရုတ်နိုင်ငံ နှင့် အာဆီယံသည် လာမည့် အနာဂတ် နှစ် ၃၀ အပေါ် အမြင်ထားရှိရမည်ဖြစ်ပြီး ပိုမိုအဆင့်မြင့်မားသည့် တရုတ်-အာဆီယံ မဟာဗျူဟာ မိတ်ဖက်ဆက်ဆံရေးကို တည်ဆောက်ကာ ပိုမိုနီးကပ်သည့် အေးအတူပူအမျှ အသိုက်အဝန်းကို တည်ဆောက်သွားရမည်ဖြစ်ကြောင်း ၊ ယင်းနှင့် ပတ်သက်၍ တရုတ်နိုင်ငံ မှ အကြံပြုချက် ၆ ချက် အဆိုပြုလိုပြီး ၎င်းတို့မှာ ကပ်ရောဂါတိုက်ဖျက်ရေးတွင် နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်ရေး ၊ စီးပွားရေး ပြန်လည်ကောင်းမွန်လာအောင်တွန်းအားပေးဆောင်ရွက်ရေး ၊ ဆက်ဆံရေးအဆင့်အတန်း မြှင့်တင်ရေး ၊ “တောင်တရုတ် ပင်လယ် အပြုအမူ ဆိုင်ရာ သတ်မှတ်ချက်” (COC) အမြန်ဆုံး ရရှိရေး ၊ ဘက်ပေါင်းစုံမူဝါဒကို ခိုင်မြဲစွာ ထိန်းသိမ်းရေး နှင့် အာရှတန်ဖိုးထွန်းကားအောင် အတူတကွဆောင်ရွက်ရေး တို့ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အာဆီယံ အဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးများက အစည်းအဝေးတွင် တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ ထူထောင်ခြင်း နှစ် (၁၀၀) ပြည့်အတွက် ဂုဏ်ပြုကြောင်းပြောကြားခဲ့ပြီး တရုတ်နိုင်ငံ မှ ရရှိခဲ့သည့် ကြီးမားသည့် အောင်မြင်မှုများအပေါ် မြင့်မားစွာအသိအမှတ်ပြုကြောင်း ၊ ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာအား တရုတ်နိုင်ငံနှင့် ပိုမိုကောင်းမွန်စွာ ချိတ်ဆက်သွားလိုပြီး အာဆီယံ-တရုတ် ဆက်ဆံရေး ပိုမိုမြင့်မားသည့် အဆင့်သို့ တက်လှမ်းနိုင်ရန် တွန်းအားပေးဆောင်ရွက်လိုကြောင်း အသီးသီး ပြောကြားခဲ့ကြသည်။ (Xinhua)

……………………………………
(Chinese Version)

(外事)王毅出席纪念中国-东盟建立对话关系30周年特别外长会

新华社重庆6月7日电(记者刘恩黎、王全超)纪念中国-东盟建立对话关系30周年特别外长会7日在重庆举行。国务委员兼外长王毅和中国-东盟关系协调国菲律宾外长洛钦共同主持,东盟其他成员国外长和东盟秘书长出席。

王毅表示,过去30年,中国东盟携手前行,战略伙伴关系内涵不断丰富,政治安全、经济贸易、社会人文三大领域合作硕果累累,已成为最大规模的贸易伙伴、最富内涵的合作伙伴、最具活力的战略伙伴。成果的取得主要得益于:始终把对方放在对外关系的首要位置;始终以民为本,聚焦务实合作;始终秉持伙伴精神,携手应对重大挑战;始终坚持开放发展,实现互利共赢;始终以大局为重,把分歧放在适当位置。

王毅表示,中国东盟要着眼未来30年,打造更高水平的中国东盟战略伙伴关系,构建更为紧密的命运共同体。为此中方提出六点建议:深化抗疫合作;推动经济复苏;提升关系水平;尽早达成“南海行为准则”;坚持维护多边主义;共同弘扬亚洲价值。

东盟外长们祝贺中国共产党成立100周年,高度评价中国取得的巨大成就,表示愿同中方更好对接发展战略,推动东盟-中国关系更上一层楼。(完)

Photo
6月7日,纪念中国-东盟建立对话关系30周年特别外长会在重庆举行。国务委员兼外长王毅和中国-东盟关系协调国菲律宾外长洛钦共同主持,东盟其他成员国外长和东盟秘书长出席。
新华社记者王全超摄