Connect with us

Media

ကျေးလက်ဒေသများတွင် နှစ်ပေါင်း ၅၀ကျော်ကြာ ဘဝနှစ်မြှုပ်ကာ ဆေးကုပေးနေသည့် ဆရာဝန်ကြီး

ကွေ့ကျိုး၊ ဇွန် ၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ကွေ့ကျိုးပြည်နယ် Meitan စီရင်စုရှိ ဝေးလံ ခေါင်ဖျားဒေသတွင် ရာစုနှစ် ထက်ဝက်နီးပါးခန့် ကျေးလက်နေပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးနေသည့် တရုတ်ကွန်မြူနစ်ပါတီဝင် ဆရာဝန်ကြီးတစ်ဦး ရှိသည်။

ဆရာဝန်ကြီး Yong က “ ဆရာဝန်အများစုဟာ ဆေးကုသပြီးတာနဲ့ ချမ်းသာကြွယ်ဝကြပါတယ် ဒါပေမဲ့ ကျွန်တော်ကတော့ ဆင်းရဲနေတုန်းပါပဲ၊ အခုဆိုရင်ကျွန်တော်ကအသက်လည်းကြီးပြီး ခရီးဝေးလည်း မသွားနိုင်တော့ပါဘူး၊ ဒါပေမဲ့ ကျွန်တော် ဝင်သက်ထွက်သက် ရှိနေသရွေ့တော့ ဆေးကုသွားမယ်လို့ သံန္နိဌာန်ချထားပါတယ်” ဟုဆိုသည်။

ပြီးခဲ့သည့် ၅၃ နှစ်တာအတွင်း ဒေါက်တာ Yong Yuanshu သည် လူနာအိမ်လိုက်လံကြည့်ရှုမှု အကြိမ်ပေါင်း ၁၂,၀၀၀ ခန့်ရှိခဲ့ပြီး ပြင်းထန်သော နာမကျန်းလူနာပေါင်း ၃၀၀ ကျော်အား ကုသပေးနိုင်ခဲ့ရာ ကျေးလက်နေပြည်သူများအတွက် ဆေးကုသမှု ကုန်ကျငွေ ယွမ် ၁ သိန်းကျော် သက်သာစေခဲ့သည်။ ယခု ရုပ်သံဖိုင်မှာဆရာဝန်ကြီး၏ ဘဝနောက်ကြောင်းကို ရိုက်ကူးထားသည့် ရုပ်သံဖိုင်ဖြစ်ပါသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.