Connect with us

Economy

တရုတ်-ဥရောပ ကုန်တင်ရထား ဘူဒါပတ်စ်မြို့သို့ လမ်းကြောင်းသစ် တိုးချဲ့

တရုတ်နိုင်ငံ အရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ် ကျင်းဟွာမြို့နှင့် ဟန်ဂေရီနိုင်ငံ ဘူဒါပတ်စ်မြို့တို့အား ချိတ်ဆက်ထားသော တရုတ်-ဥရောပ ကုန်တင်ရထား လမ်းကြောင်းသစ် ဇွန် ၇ ရက်တွင် စတင်ခဲ့စဉ်(ဆင်ဟွာ)

ဟန်ကျိုး ၊ ဇွန် ၈ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ အရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ် ကျင်းဟွာမြို့နှင့် ဟန်ဂေရီနိုင်ငံ ဘူဒါပတ်စ်မြို့တို့အား ချိတ်ဆက်ထားသော တရုတ်-ဥရောပ ကုန်တင်ရထား လမ်းကြောင်းသစ်အား ဇွန် ၇ ရက်တွင် စတင်ခဲ့ကြောင်း သိရသည်။ကုန်တင်ရထား ဝန်ဆောင်မှုအား ကျဲ့ကျန်းပြည်နယ် နင်းပေါမြို့၌ ဇွန် ၈ ရက်မှ ၁၁ ရက်အထိ ကျင်းပမည့် ဒုတိယအကြိမ် တရုတ် – ဥရောပ အလယ်ပိုင်း နှင့် အရှေ့ပိုင်း နိုင်ငံများ နိုင်ငံတကာ ကုန်စည်ပြပွဲနှင့်နိုင်ငံတကာ လူသုံးကုန်ပစ္စည်းများ ကုန်စည်ပြပွဲမတိုင်မီ စတင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါရထားတွင် မော်တော်ကားအစိတ်အပိုင်းများ ၊ အီလက်ထရောနစ် ကိရိယာများ နှင့် အိမ်သုံးပစ္စည်းများ အပါအဝင် ယွမ် ၂၁ သန်းဝန်းကျင်(အမေရိကန်ဒေါ်လာ ၃ ဒသမ ၃ သန်းခန့်) တန်ဖိုးရှိ ကုန်ပစ္စည်းများ သယ်ဆောင်ခဲ့ပြီး ဟန်ဂေရီနိုင်ငံ မြို့တော် ဘူဒါပတ်စ်မြို့သို့ ၁၈ ရက်အတွင်း ရောက်ရှိရန် ခန့်မှန်းထားကြောင်း သိရသည်။

တရုတ်နိုင်ငံ နှင့် ဟန်ဂေရီနိုင်ငံတို့အကြား နှစ်နိုင်ငံကုန်သွယ်မှုသည် ၂၀၂၀ ပြည့်နှစ်တွင် နှစ်စဉ် ၁၄ ဒသမ ၄ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း နှင့် တရုတ်နိုင်ငံသည် ဟန်ဂေရီနိုင်ငံ၏ တတိယအကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံ ဖြစ်ကြောင်း တရုတ်နိုင်ငံ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။

တရုတ်-ဥရောပ ကုန်တင်ရထား ဝန်ဆောင်မှုအသစ်သည် ယန်ဇီမြစ် မြစ်ဝကျွန်းပေါ်ဒေသ နှင့် တရုတ်နိုင်ငံအရှေ့ပိုင်း ကမ်းရိုးတန်းမြို့များအတွက် ဥရောပသို့ ကုန်ပစ္စည်းများ တင်ပို့ရန် အကျိုးဖြစ်ထွန်းစေပြီး ထိရောက်မှု နှင့် အဆင်ပြေချော့မွေ့မှုရှိသော လမ်းကြောင်းသစ်ကို ဖော်ဆောင်ပေးထားကြောင်း ဟန်ကျိုးအကောက်ခွန်ဌာနက ပြောကြားခဲ့သည်။

ဇန်နဝါရီလမှ မေလအတွင်း ကျင်းဟွာမြို့၌ ကုန်ပစ္စည်း ၂၃,၇၀၀ TEUs အား သယ်ဆောင်ပြီး တရုတ်-ဥရောပ ကုန်တင်ရထား စုစုပေါင်း ၂၈၆ စင်း ထွက်ခွာ ရောက်ရှိခဲ့ကြောင်း ၊ နှစ်အလိုက်တိုးတက်မှု ၅၆၅ ရာခိုင်နှုန်း နှင့် ၅၆၆ ရာခိုင်နှုန်း အသီးသီး မြင့်တက်လာကြောင်း သိရသည်။

ကျဲ့ကျန်းပြည်နယ် နှင့် ဥရောပ အလယ်ပိုင်း နှင့် အရှေ့ပိုင်း နိုင်ငံများ(CEECs)တို့အကြား ပြည်ပကုန်သွယ်မှုသည် ယခုနှစ် ပထမလေးလတွင် ယွမ် ၃၅ ဒသမ ၄၇ ဘီလီယံအထိ နှစ်အလိုက်တိုးတက်မှု ၃၃ ဒသမ ၂ ရာခိုင်နှုန်း တိုးတက်လာခဲ့ကြောင်း ဟန်ကျိုးအကောက်ခွန်ဌာနထံမှ သိရသည်။ (Xinhua)

…………………………………………
(English Version)

China-Europe freight train adds new route to Budapest

HANGZHOU, June 8 (Xinhua) — A new China-Europe freight-train route linking the city of Jinhua in east China’s Zhejiang Province with Budapest in Hungary was launched on Monday.
The freight-train service was launched ahead of the 2nd China-CEEC Expo & International Consumer Goods Fair, which is to be held in the city of Ningbo, Zhejiang, from Tuesday to Friday.

The train carries about 21 million yuan (about 3.3 million U.S. dollars) worth of goods, including auto parts, electronic instruments and household items. It is expected to arrive in the Hungarian capital in 18 days.

The bilateral trade between China and Hungary grew 14.4 percent year on year in 2020, with China being Hungary’s third-largest trading partner, according to the Chinese Ministry of Commerce.

The new China-Europe freight-train service offers a new efficient and convenient route for the Yangtze River Delta and even eastern Chinese coastal cities to export goods to Europe, said Hangzhou Customs.

In the January-May period, a total of 286 China-Europe freight trains departed or arrived in the city of Jinhua, carrying 23,700 TEUs of goods, with the two figures up 565 percent and 566 percent year on year, respectively.

Foreign trade between Zhejiang and the Central and Eastern European Countries (CEECs) grew 33.2 percent year on year to 35.47 billion yuan in the first four months of this year, according to Hangzhou Customs. ■
1.The China-Europe freight train linking the city of Jinhua in east China’s Zhejiang Province with Budapest in Hungary is launched on June 7, 2021. (Xinhua/Hu Xiaofei)