ဘဲလ်ဂရိတ်၊ သြဂုတ် ၂၄ ရက် (ဆင်ဟွာ) ဆာဗီးယားနိုင်ငံသည် အာရှ အခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုဘဏ် (AIIB) ၏ ဒေသတွင်းမဟုတ်သော အဖွဲ့ဝင်နိုင်ငံအဖြစ် တရားဝင် ဖြစ်လာခဲ့ကြောင်း ဘဏ္ဍာရေးဝန်ကြီးက သတင်းထုတ်ပြန်ချက်တွင် သြဂုတ်လ ၂၃ ရက်က အတည်ပြုပြောကြားခဲ့သည်။
ရန်ကုန်၊ သြဂုတ် ၂၄ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်မြို့နယ်အတွင်း သြဂုတ် ၂၂ရက်နှင့် ၂၃ ရက် နှစ်ရက်အတွင်း မူးယစ်ဆေးဝါးချက်လုပ်ရာနေရာ ၃နေရာ၌ မူးယစ်ဆေးဝါးများ၊ လက်နက်/ခဲယမ်းများနှင့် မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။
မွမ်ဘိုင်း၊ သြဂုတ်လ ၂၄ ရက်(ဆင်ဟွာ) ဘရာဇီးနိုင်ငံ၊အမေဇုန် သစ်တော တွင်နှစ်ပတ်ကြာ ပြင်းထန်စွာ တောမီးလောင်ကျွမ်းနေမ ှုအတွက် အမေဇုန်ဒေသရှိ ပြည်သူများနှင့် စည်းလုံးညီညွတ်မ ှုရှိကြောင်း ပြသကြရန ်အတွက် အိန္ဒိယနိုင်ငံ၊ မွမ်ဘိုင်းမြို့ရှိ ဘရာဇီး ကောင်စစ်ဝန်ရုံးအပြင်ဘက်တွင်ရာသီဥတုပြောင်းလဲမှုဆိုင်ရာ တက်ကြွလှုပ်ရှား သူူများ က သြဂုတ်လ ၂၃ ရက်...
ဂါဇာ၊ သြဂုတ် ၂၄ ရက်(ဆင်ဟွာ) ဂါဇာဒေသတွင် ပါလက်စတိုင်းပြည်သူများနှင့် အစ္စရေးစစ်တပ်တို့အကြား သြဂုတ် ၂၃ ရက်က ပဋိပက္ခဖြစ်ပွားရာ ပါလက်စတိုင်း ၁၂၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပါလက်စတိုင်း ဂါဇာ ဒေသ ကျန်းမာရေးဌာနက သြဂုတ် ၂၃ ရက်တွင် ပြောကြားခဲ့သည်။
ရီအိုဒီဂျနေးရိုး၊ သြဂုတ်လ ၂၄ ရက်(ဆင်ဟွာ) ဘရာဇီးနိုင်ငံသမ္မတ ဂျဲ ဘိုလ်ဆိုနာရို (Jair Bolsonaro) က အမေဇုန်မုတ်သုန်မိုးသစ်တောအတွင်း မီး အကြီးအကျယ်လောင်ကျွမ်းနေမှု အားစစ်ဘက်အကူအညီနည်းလမ်းများပါ အသုံးပြုနှိမ်နင်းငြှိမ်းသတ် သွားရန် သြဂုတ်လ ၂၃ ရက်ကအမိန့်ပေးခဲ့ကြောင်းသိရပါသည်။