ဖနွမ်းပင် ၊ ဧပြီ ၁ ရက်(ဆင်ဟွာ) ကမ္ဘောဒီးယားနိုင်ငံ၌ COVID-19 လူနာ နှစ်ဦးထပ်မံ သက်သာပျောက်ကင်းသွားသဖြင့် လက်ရှိတွင် နိုင်ငံအတွင်း ရောဂါသက်သာပျောက်ကင်းသူ စုစုပေါင်း၂၅ ဦးထိ ရှိသွားပြီဖြစ်ကြောင်း ကမ္ဘောဒီးယားကျန်းမာရေးဝန်ကြီးဌာနက ယနေ့ဧပြီ ၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ဝါရှင်တန်၊ ဧပြီ ၁ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ၌ COVID-19 ရောဂါ အတည်ပြုလူနာ ၁ သိန်း ၈ သောင်းကျော်ရှိပြီဖြစ်ကြောင်း Johns Hopkinsတက္ကသိုလ်၏ မတ် ၃၁ ရက်တွင် ထုတ်ပြန်သည့် နောက်ဆုံးရ ကိန်းဂဏန်းများအရ သိရသည်။
တူနီးရှား ၊ ဧပြီ ၁ ရက် (ဆင်ဟွာ) အယ်လ်ဂျီးရီးယား နိုင်ငံ သမ္မတ Abdelmadjid Tebboune က နိုင်ငံ အတွင်း COVID-19 ရောဂါ တိုက်ဖျက်နေချိန်တွင် တရုတ် နိုင်ငံ က ဆေးဘက်ဆိုင်ရာ ကူညီထောက်ပံ့မှု ပစ္စည်းများ ပေးအပ်ခဲ့ခြင်းအပေါ် တရုတ် နိုင်ငံသည်...
ဟန်ကျိုး ၊ ဧပြီ ၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီဗဟိုကော်မတီအထွေထွေအတွင်းရေးမှူးချုပ် ရှီကျင့်ဖိန်က နိုင်ငံအတွင်း အချက်အလက်သိမ်းဆည်းခြင်း ၊ ကွန်ပြူတာနည်းပညာ နှင့် ဉာဏ်ရည်တုနည်းပညာ(AI)အသုံးပြုခြင်းဖြင့် အဓိကမြို့ကြီးများမှာ သန့်ရှင်းလှပအဆင်ပြေချောမွေ့လာနိုင်မည်ဖြစ်ကြောင်း လမ်းညွှန်ချက်ပေးခဲ့သည်။
နယူးဒေလီ ၊ ဧပြီ ၁ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံ၌ COVID-19 စောင့်ကြည့်လူနာများအတွက် facility quarantine နေရာများတိုးချဲ့ရန် ရထားတွဲပေါင်း ၂၀,၀၀၀ ကို ပြင်ဆင်ဆောင်ရွက်နေကြောင်း အိန္ဒိယနိုင်ငံရထားပို့ဆောင်ရေးဌာနက မတ် ၃၁ ရက်တွင်ပြောကြားခဲ့သည်။