ဂျီနီဗာ ၊ ဇွန် ၃ ရက် (ဆင်ဟွာ) အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ချုပ် (ILO) ၏ ဇွန်လ ၂ ရက်၌ ထုတ်ပြန်ခဲ့သည့် ခန့်မှန်းချက်အစီရင်ခံစာအရ ၂၀၂၂ ခုနှစ်တွင် ကမ္ဘာပေါ်၌ အလုပ်လက်မဲ့ဖြစ်မည့် လူဦးရေမှာ ၂၀၅ သန်းအထိ ရောက်ရှိလာမည်ဖြစ်ပြီး ၂၀၁၉ ခုနှစ်တွင်ရှိခဲ့သော ၁၈၇ သန်းထက်...
ခတ္တမန္ဒူ၊ ဇွန် ၃ ရက်(ဆင်ဟွာ) ကိုဗစ်ကပ်ရောဂါကို တားဆီးထိန်းချုပ်ရန်အတွက် နီပေါနိုင်ငံ မြို့တော်ခတ္တမန္ဒူမြို့တည်ရှိရာ ခတ္တမန္ဒူတောင်ကြားဒေသ၏ လော့ခ်ဒေါင်းကာလကို ထပ်မံတိုးမြင့်ရန် ဇွန် ၂ ရက်တွင် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
စူးကျိုး ၊ တရုတ်နိုင်ငံ ၊ ဇွန် ၃ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံမှ အာရပ်စော်ဘွားများ ပြည်ထောင်စု(UAE)သို့ နိုင်ငံရွှေ့ပြောင်းရွှေ့ကျင်းပမည့် FIFA ကမ္ဘာ့ဖလား ခြေစစ်ပွဲသုံးပွဲကို အနိုင်ရရှိရန် ရည်မှန်းထားကြောင်း တရုတ်လက်ရွေးစင်အသင်း နောက်ခံကစားသမား Wang Shenchao က ဇွန် ၂ ရက်တွင် ပြောကြားခဲ့သည်။
စတော့ဟုမ်း ၊ ဇွန် ၃ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ၏ လွန်စွာ ဆိုးရွားသောလုပ်ရပ်ဖြစ်သည့် ဒိန်းမတ်နိုင်ငံမှ တစ်ဆင့် ဥရောပတိုက် မဟာမိတ်နိုင်ငံများအပေါ် စောင့်ကြည့်နားထောင်မှုများနှင့် ပတ်သက်၍ မဖြစ်မနေ စုံစမ်းစစ်ဆေးသွားရမည်ဖြစ်ကြောင်း ဆွီဒင်နိုင်ငံဝန်ကြီးချုပ် Stefan Löfven က ဇွန် ၁ ရက်၌ ပြောကြားခဲ့သည်။
ဘန်ကောက်၊ ဇွန် ၃ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံသည် နိုင်ငံအတွင်းလက်ရှိ ဖြစ်ပွားလျက်ရှိသော အဆိုးဝါးဆုံးရောဂါကူးစက်မှုအား ထိန်းချုပ်နိုင်ရန်အတွက် လူအများအပြား အစုပြုံလိုက်ကာကွယ်ဆေးထိုးခြင်း အစီအစဉ်ကို လာမည့်သတင်းပတ်တွင် စတင်နိုင်ရန် ရည်ရွယ်ထားရှိပြီး ပြင်ဆင်သည့်အနေဖြင့် COVID-19 ကာကွယ်ဆေးဖြန့်ချိခြင်းအား အရှိန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။