Connect with us

Asia

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက အာဆီယံ-တရုတ် နိုင်ငံခြားရေးဝန်ကြီးများအထူး အစည်းအဝေး နှင့် ၆ ကြိမ်မြောက် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတက်ရောက်မည်

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ နှင့် အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ) အထွေထွေအတွင်းရေးမှူးချုပ် Lim Jock Hoi တို့ ဘရူနိုင်းနိုင်ငံ ဘန်ဒါစာရီဘီဂါဝန်မြို့၌ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁၄ ရက်ကတွေ့ဆုံစဉ်(ဆင်ဟွာ)

ပေကျင်း ၊ ဇွန် ၆ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် တရုတ်နိုင်ငံ ချုံကျင်းမြို့၌ ကျင်းပပြုလုပ်မည့် အာဆီယံ-တရုတ် ဆွေးနွေးဖက်ဆက်ဆံရေး နှစ် ၃၀ ပြည့်အထိမ်းအမှတ် နိုင်ငံခြားရေးဝန်ကြီးများ အထူးအစည်းအဝေး နှင့် ၆ ကြိမ်မြောက် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို တက်ရောက်သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ယနေ့ ဇွန် ၆ ရက်တွင် ပြောကြားခဲ့သည်။အဆိုပါ အစည်းအဝေးများတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ သည် သက်ဆိုင်ရာ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများနှင့်အတူ ပူးတွဲသဘာပတိအဖြစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နှင့် ယင်းအစည်းအဝေးများကို ဇွန် ၇ ရက် မှ ၈ ရက်အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝန်ပင်း က ဆိုသည်။(Xinhua)

—————————————————–
( Englis Version)

Chinese FM to attend Special ASEAN-China Foreign Ministers’ Meeting, 6th Lancang-Mekong Cooperation Foreign Ministers’ Meeting

BEIJING, June 6 (Xinhua) — Chinese State Councilor and Foreign Minister Wang Yi will attend the Special ASEAN-China Foreign Ministers’ Meeting in Celebration of the 30th Anniversary of Dialogue Relations and the sixth Lancang-Mekong Cooperation Foreign Ministers’ Meeting in Chongqing, a foreign ministry spokesperson said Sunday.

The meetings will be co-chaired by Wang and diplomats from relevant ASEAN countries from June 7 to 8, according to spokesperson Wang Wenbin. Enditem

Photo – Chinese State Councilor and Foreign Minister Wang Yi (R) meets with ASEAN Secretary-General Lim Jock Hoi in Bandar Seri Begawan, capital of Brunei, on Jan. 14, 2021. (Photo by Jeffrey Wong/Xinhua)