မက္ကစီကိုစီးတီး၊ ဧပြီ ၃၀ ရက် (ဆင်ဟွာ) မက္ကစီကိုနိုင်ငံ မြောက်ပိုင်း Nuevo Leon ပြည်နယ် ရှိ Del Norte အပြည်ပြည်ဆိုင်ရာလေဆိပ်အနီး လေယာဉ်ငယ်တစ်စင်းပျက်ကျမှုတွင် အနည်းဆုံးလူ ၆ ဦးသေဆုံးခဲ့ကြောင်း ပြည်နယ်မြို့ပြကာကွယ်ရေး အာဏာပိုင် မှ ဧပြီ ၂၉ ရက်တွင် အတည်ပြုခဲ့သည်။
ဆိုးလ်၊ ဧပြီ ၃၀ ရက် (ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံ သမ္မတ မွန်ဂျေအင်းသည် ဆိုးလ်မြို့ရှိ ပြည်သူ့ကျန်းမာရေးစင်တာတွင် ယနေ့ ဧပြီ ၃၀ ရက်၌ ဒုတိယအကြိမ် COVID-19 ကာကွယ်ဆေး ထိုးနှံမှုခံယူခဲ့ကြောင်း သမ္မတ အိမ်ပြာတော်က ပြောကြားခဲ့သည်။
ဒါကာ၊ ဧပြီ ၃၀ ရက် (ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဆေးဝါးကြီးကြပ်ရေးက တရုတ်နိုင်ငံထုတ် Sinopharm COVID-19 ကာကွယ်ဆေးအား အရေးပေါ်အသုံးပြုရန် ခွင့်ပြုခဲ့ကြောင်း သိရသည်။
ဂျေရုဆလမ်၊ ဧပြီ ၃၀ ရက် (ဆင်ဟွာ) အစ္စရေးနိုင်ငံတွင် ပွဲတော်တစ်ခုသို့ လူသောင်းချီတက်ရောက်ခြင်းကြောင့် လူတိုးဝှေ့မှုဖြစ်ပေါ်ကာ ဧပြီ ၂၉ ရက် ညသန်းခေါင်ယံနောက်ပိုင်းတွင် လူ ၄၄ ဦးထက်မနည်းသေဆုံးပြီး ၁၀၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံမီဒီယာက သတင်းဖော်ပြခဲ့သည်။
ဝမ်ချန်း၊ ဧပြီ ၂၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက ဧပြီ ၂၉ ရက်တွင် အာကာသစခန်း၏ အဓိက အစိတ်အပိုင်းတစ်ခုဖြစ်သည့် Tianhe module အား လွှတ်တင်ခဲ့ရာ ယင်းမှာ လာမည့်နှစ်ကုန်ပိုင်းတွင် တည်ဆောက်ပြီးစီးမည့် အာကာသစခန်း တည်ဆောက်ခြင်း လုပ်ငန်း၏ အဓိက ကျသော လွှတ်တင်မှုများထဲမှ တစ်ခုဖြစ်လာသည်။...