Connect with us

North America

မက္ကစီကိုနိုင်ငံမြောက်ပိုင်း လေယာဉ်ငယ်ပျက်ကျမှုတွင် လူ ၆ ဦးသေဆုံး

၂၀၁၇ ခုနှစ်၊ မေ ၁၇ ရက်တွင် မက္ကစီကိုနိုင်ငံအလယ်ပိုင်း Toluca အပြည်ပြည်ဆိုင်ရာလေဆိပ်အနီး လေယာဉ်တစ်စင်းပျက်ကျပြီးနောက် မီးသတ်သမားများ လုပ်ငန်းဆောင်ရွက်နေသည်ကိုတွေ့ရစဉ် (ဆင်ဟွာ)

မက္ကစီကိုစီးတီး၊ ဧပြီ ၃၀ ရက် (ဆင်ဟွာ)

မက္ကစီကိုနိုင်ငံ မြောက်ပိုင်း Nuevo Leon ပြည်နယ် ရှိ Del Norte အပြည်ပြည်ဆိုင်ရာလေဆိပ်အနီး လေယာဉ်ငယ်တစ်စင်းပျက်ကျမှုတွင် အနည်းဆုံးလူ ၆ ဦးသေဆုံးခဲ့ကြောင်း ပြည်နယ်မြို့ပြကာကွယ်ရေး အာဏာပိုင် မှ ဧပြီ ၂၉ ရက်တွင် အတည်ပြုခဲ့သည်။

လူ ၆ ဦးလိုက်ပါလာသည့် ယင်းလေယာဉ်ငယ်သည် Cienega de Flores မြို့၏ သယ်ယူပို့ဆောင်ရေးကုမ္ပဏီတစ်ခု အတွင်းသို့ ပျက်ကျခဲ့ကြောင်း သိရသည်။

မြို့ပြကာကွယ်စောင့်ရှောက်ရေးဒါရိုက်တာ Miguel Angel Perales က အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၃ ဦး သေဆုံးခဲ့ကြောင်း သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

လေယာဉ်သည် အမေရိကန်ပြည်ထောင်စုတွင် မှတ်ပုံတင်ထားသည့် ၁၉၇၂ ခုနှစ်ထုတ် PA-32 Cherokee Six အမျိုးအစားဖြစ်ပြီး တက္ကဆက်ပြည်နယ် လာရီဒိုမြို့သို့သွားမည့် လေယာဥ်ဖြစ်ကြောင်းသိရသည်။

“သယ်ယူပို့ဆောင်ရေးကုမ္ပဏီက လူတစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ အဲဒီလူက နောက်တွဲယာဉ်ပါတဲ့ ကုန်တင်ယာဉ် မောင်းတစ်ဦးဖြစ်ပြီး လေယာဉ်တိုက်မိတဲ့ ယာဉ်တွေထဲက တစ်စီးထဲမှာရှိနေခဲ့တာပါ’’ ဟု Perales က မှတ်ချက်ပြုခဲ့သည်။ (Xinhua)
————————————
(English Version)
Six people killed in small plane crash in northern Mexico
MEXICO CITY, April 29 (Xinhua) — At least six people were killed after a small plane crashed near the Del Norte International Airport in the northern state of Nuevo Leon in Mexico, state civil protection authorities confirmed on Thursday.
The plane, with the six people on board, crashed into the inside of a transportation company in the municipality of Cienega de Flores.
Civil Protection Director Miguel Angel Perales told the press that among the deceased were three men and three women.
The aircraft was a 1972 Piper PA-32 Cherokee Six, with a U.S. registration number bound for Laredo, Texas.
Perales also noted, “There is a wounded person from the transport line. He was a tractor-trailer operator who was inside one of the tractors that was hit by the plane. The wounded person is in stable condition.” Enditem
Photo taken with a mobile phone shows fire fighters working at the site after a plane crashed near Toluca International Airport in Toluca, central Mexico, May 17, 2017. (Xinhua/Eduardo Miranda)