Connect with us

ASEAN

ဘင်္ဂလားဒေ့ရှ်နိုင်ငံက တရုတ်နိုင်ငံ၏ Sinopharm COVID-19 ကာကွယ်ဆေးကို အရေးပေါ်အသုံးပြုရန် ခွင့်ပြု

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့တွင် မကြာသေးမီက COVID-19 ရောဂါဖြစ်ပွားမှု မြင့်တက်လာခြင်းကြောင့် နိုင်ငံတစ်ဝန်း Lockdown သတ်မှတ်ထားစဉ် နှာခေါင်းစည်းတပ်ဆင်ထားသူများအား တွေ့ရစဉ် (ဆင်ဟွာ)

ဒါကာ၊ ဧပြီ ၃၀ ရက် (ဆင်ဟွာ)

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဆေးဝါးကြီးကြပ်ရေးက တရုတ်နိုင်ငံထုတ် Sinopharm COVID-19 ကာကွယ်ဆေးအား အရေးပေါ်အသုံးပြုရန် ခွင့်ပြုခဲ့ကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဆေးဝါးစီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ရုံး ညွှန်ကြားရေးမှူးချုပ် ဗိုလ်ချုပ် Mahbubur Rahman က မြို့တော် ဒါကာတွင် ဧပြီ ၂၉ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ကြေညာချက် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

“တရုတ်နိုင်ငံက ထုတ်လုပ်တဲ့ ကာကွယ်ဆေးအတွက် အရေးပေါ်အသုံးပြုခွင့် ထုတ်ပေးလိုက်ပါပြီ” ဟု ၎င်းက ဆိုသည်။

လက်ဆောင်အဖြစ် ရရှိထားသော Sinopharm ကာကွယ်ဆေး တစ်သုတ်မှာ ရက်သတ္တပတ် တစ်ပတ်မှ တစ်ပတ်ခွဲခန့်အတွင်း ရောက်ရှိနိုင်မည်ဟု မျှော်လင့်ကြောင်း Mahbubur Rahman က ပြောခဲ့သည်။

တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံမှ COVID-19 ကာကွယ်ဆေးများအား ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း ထုတ်လုပ်ရန် အဆိုပြုချက်ကို ဘင်္ဂလားဒေ့ရှ်အစိုးရက ဧပြီ ၂၈ ရက်၌ ခွင့်ပြုချက်ပေးအပ်ခဲ့သည်။

တရုတ်နိုင်ငံ၏ Sinopharm နှင့် ရုရှားနိုင်ငံ၏ Sputnik V ကာကွယ်ဆေးများကို ထုတ်လုပ်ရန် အဆိုပြုချက်အား ဘင်္ဂလားဒေ့ရှ် စီးပွားရေးဆိုင်ရာ ကက်ဘိနက်ကော်မတီက ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။

ရုရှားနိုင်ငံ၏ Sputnik V ကာကွယ်ဆေးအား အရေးပေါ်အသုံးပြုရန် ဘင်္ဂလားဒေ့ရှ် ဆေးဝါးကြီးကြပ်ရေးက အစောပိုင်း၌ ခွင့်ပြုခဲ့ကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဦးဆောင်ဆေးဝါးလုပ်ငန်းများစွာသည် တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံမှ ကုမ္ပဏီများနှင့်အတူ ပူးပေါင်းလျက် ကာကွယ်ဆေးများ ထုတ်လုပ်သွားမည်ဖြစ်ကြောင်း ကက်ဘိနက်ဌာနခွဲ အကြီးတန်းအရာရှိ Shahida Akhter က ဧပြီ ၂၈ ရက်က ပြောခဲ့သည်။

အဆိုပါ ဆုံးဖြတ်ချက်များသည် Oxford-AstraZeneca ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံခြင်းကို ဆိုင်းငံ့လိုက်ပြီးနောက် ရက်များမကြာမီ ထွက်ပေါ်လာခြင်းဖြစ်သည်။

အိန္ဒိယနိုင်ငံမှ နောက်ထပ် COVID-19 ကာကွယ်ဆေးတင်ပို့မှု အချိန်မီရောက်ရှိရန် မသေချာဖြစ်နေစဥ်တွင် ဘင်္ဂလားဒေ့ရှ်အစိုးရက နိုင်ငံတစ်ဝန်း AstraZeneca ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံမှုကို ဧပြီ ၂၆ ရက်မှစတင်၍ ရပ်နားလိုက်ခြင်း ဖြစ်သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပြီးသူ ၆ သန်းနီးပါးရှိပြီဖြစ်သည်။

ဝန်ကြီးချုပ် ရှိတ်ဟာစီနာ (Sheikh Hasina) က ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ကာကွယ်ဆေးထိုးနှံခြင်းကို ဇန်နဝါရီ ၂၈ ရက်တွင် စတင်ခဲ့သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ကပ်ရောဂါ ဒုတိယလှိုင်းကို ထိန်းချုပ်ရန် လက်ရှိဆောင်ရွက်နေသည့် Lockdown သတ်မှတ်ချက်အား မေ ၅ ရက်အထိ တစ်ပတ်တိုးမြှင့်လိုက်ကြောင်း သိရသည်။ (Xinhua)
————————————
(English Version)
Bangladesh approves China’s Sinopharm COVID-19 vaccine for emergency use
Source: Xinhua| 2021-04-30 09:33:31|Editor: huaxia
DHAKA, April 30 (Xinhua) — Bangladesh’s drug regulator has authorized the emergency use of China’s Sinopharm COVID-19 vaccine.
Major General Mahbubur Rahman, director general of Bangladesh’s Directorate General of Drug Administration, made the announcement at a press conference Thursday in the capital Dhaka.
“We’ve issued emergency use approval for the Chinese-made jab.”
Mahbubur Rahman further said hopefully within 1-1.5 weeks, Bangladesh will receive a batch of Sinopharm vaccine as a gift.
The Bangladeshi government on Wednesday gave the green light to a proposal of producing Chinese and Russian COVID-19 vaccines in the country.
Bangladesh’s Cabinet Committee on Economic Affairs approved the proposal to produce the vaccines — China’s Sinopharm and Russia’s Sputnik V.
The country’s drug regulator had earlier cleared the emergency use of Russia’s Sputnik V vaccine.
Shahida Akhter, a senior Cabinet Division official, said Wednesday that several leading Bangladeshi pharmaceutical firms in collaboration with the Chinese and Russian companies will produce the vaccines.
The decisions came days after Dhaka suspended the first dosing of the Oxford-AstraZeneca vaccine.
Amid uncertainty over the timely arrival of the next COVID-19 vaccine shipment from India, the Bangladeshi government halted administering the first dose of the AstraZeneca vaccine across the country from Monday.
Nearly six million people have so far received the first dose of the vaccine in Bangladesh.
Prime Minister Sheikh Hasina inaugurated the country’s COVID-19 vaccination drive on Jan. 28 to rein in the pandemic that has so far spread to nearly every Bangladeshi district.
To limit the second wave of the pandemic, Bangladesh on Wednesday extended the ongoing lockdown again by one week to May 5.■
People wearing face masks are seen during a nationwide lockdown amid a recent surge in COVID-19 cases in Dhaka, Bangladesh, April 7, 2021. (Xinhua)