တီဟီရန်၊ မေ ၁၂ ရက် (ဆင်ဟွာ) အီရန်နိုင်ငံက COVID-19 အတွက် COV-Iran Barekat ဟု အမည်ပေးထားသော ပြည်တွင်းဖြစ် ကာကွယ်ဆေးကို မေ ၁၁ ရက်တွင် အမြောက်အမြား ထုတ်လုပ်မှု စတင်ခဲ့ကြောင်း Tasnim သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။
မနီလာ ၊ မေ ၁၂ ရက် (ဆင်ဟွာ) နိုင်ငံအတွင်း အာဖရိကဝက်အပြင်းဖျား(African swine fever) ရောဂါ ဖြစ်ပွားမှု အခြေအနေသည် ဆက်လက် ပြန့်ပွားလာသောကြောင့် ဖိလစ်ပိုင်နိုင်ငံသည် အချိန်ကာလ တစ်နှစ်ကြာမြင့်သည့် တစ်နိုင်ငံလုံး ဘေးဒုက္ခအခြေအနေဝင်ရောက်ကြောင်း သမ္မတရုံးက မေ ၁၁ ရက်၌ ထုတ်ပြန်ကြေညာခဲ့သည်။
နယူးယောက်၊ မေ ၁၂ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ၏ အဓိကလောင်စာဆီပိုက်လိုင်းစနစ် အဆင့်မြှင့်တင်လိုက်ပြီးနောက် ရေနံဈေးနှုန်းသည် မေ ၁၁ ရက်တွင် မြင့်မားလျက်ရှိကြောင်း သိရသည်။
ဂျေရုဆလင်၊မေ ၁၂ ရက်(ဆင်ဟွာ) အစ္စရေး-ပါလက်စတိုင်း နှစ်ဖက် အကြမ်းဖက်မှု တင်းမာမြင့်တက်နေစဉ်အတွင်း ပါလက်စတိုင်းဘက်မှ ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကို လက်တုံ့ပြန်သည့်အနေဖြင့် အစ္စရေး၏ ဂါဇာကမ်းမြောင်တွင် တနင်္လာနေ့၌ ပြုလုပ်သော လေကြောင်းတိုက်ခိုက်မှုများအတွင်း ကလေးငယ် ၉ ဦးအပါအဝင် အနည်းဆုံး ပါလက်စတိုင်း လူမျိုး ၂၀ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
မော်စကို၊ မေ ၁၂ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ ကာဇန်မြို့ရှိ စာသင်ကျောင်းတစ်ကျောင်းတွင် မေ ၁၁ ရက်၌ တိုက်ခိုက်သူနှစ်ဦးက ဝင်ရောက်ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ကလေးငယ် ၉ ဦး အပါအဝင် လူ ၁၁ ဦးထက်မနည်းသေဆုံးပြီး အခြားသူ ၃၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။