ပေကျင်း၊ မေ ၅ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် Mesquiteမြို့တွင် မေ ၄ ရက်က ရဲတပ်ဖွဲ့ဝင်(၂)ဦး၏ ပစ်ခတ်မှုကြောင့် Ashton Pinkeအမည်ရှိ အာဖရိကန်နွယ်ဖွား အမေရိကန်နိုင်ငံသား အမျိုးသားတစ်ဦး သေဆုံးခဲ့သည်။
ကဘူးလ် ၊ မေ ၅ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနက မေလ ၄ ရက် ထုတ်ပြန်ကြေညာချက်အရ လွန်ခဲ့သည့် ၂၄ နာရီအတွင်း အစိုးရတပ်ဖွဲ့အနေဖြင့် တာလီဘန် လက်နက်ကိုင် ၁၈၁ ဦးကို ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း သိရှိရသည်။
ကိုင်ရို ၊ မေ ၅ ရက်(ဆင်ဟွာ) အီဂျစ်နိုင်ငံက ပြင်သစ်နိုင်ငံမှ Rafale တိုက်လေယာဉ် အစင်း ၃၀ ဝယ်ယူရန် သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ကြောင်း အီဂျစ်စစ်တပ်၏မေ ၄ ရက်တွင် ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြခဲ့သည်။
ဘန်ကောက် ၊ မေ ၅ ရက်(ဆင်ဟွာ) ထိုင်းနိုင်ငံက ယခုနှစ်ပထမသုံးလပတ်အတွင်း တရုတ်နိုင်ငံသို့ ဒူးရင်းသီးတင်ပို့မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၈၆ သန်းထိ ရှိခဲ့ကြောင်း အဆင့်မြင့်အစိုးရအရာရှိတစ်ဦးက မေ ၄ ရက်တွင် ပြောကြားခဲ့သည်။
နယူးဒေလီ၊ မေ ၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် အိန္ဒိယနိုင်ငံသို့ အောက်ဆီဂျင်ဖြည့်စက် (oxygen concentrator) အများအပြား ထောက်ပံ့ပေးခြင်း နှင့်အိန္ဒိယ အတွက် အောက်ဆီဂျင်ဖြည့်စက် နှင့် အခြား ဆေးပစ္စည်းကိရိယာများကို ဆက်လက်ကူညီပေးသွားမည်ဖြစ်ကြောင်း အိန္ဒိယနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Sun Weidong က မေ၄ ရက်တွင်...