Connect with us

Asia

ထိုင်းနိုင်ငံက ပထမသုံးလပတ်အတွင်း တရုတ်နိုင်ငံသို့ ဒူးရင်းသီး တင်ပို့မှု ၁၄ ရာခိုင်နှုန်း မြင့်တက်

ထိုင်းနိုင်ငံ Chanthaburi ပြည်နယ်၌ ဒူးရင်းသီးများ ရွေးထုတ်သယ်ယူနေသည်ကို တွေ့ရစဉ်(ဆင်ဟွာ)

ဘန်ကောက် ၊ မေ ၅ ရက်(ဆင်ဟွာ)

ထိုင်းနိုင်ငံက ယခုနှစ်ပထမသုံးလပတ်အတွင်း တရုတ်နိုင်ငံသို့ ဒူးရင်းသီးတင်ပို့မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၈၆ သန်းထိ ရှိခဲ့ကြောင်း အဆင့်မြင့်အစိုးရအရာရှိတစ်ဦးက မေ ၄ ရက်တွင် ပြောကြားခဲ့သည်။

ယခုနှစ် ဇန်နဝါရီလမှ မတ်လအထိ တရုတ်နိုင်ငံသို့ ထိုင်းဒူးရင်းသီး ရောင်းချရမှုသည် အမေရိကန်ဒေါ်လာ ၁၈၆ သန်း ရရှိခဲ့ပြီး ယခင်နှစ်အလားတူကာလထက် ၁၄ ရာခိုင်နှုန်း တိုးလာခဲ့ကြောင်း နှင့် ကမ္ဘာ့ဈေးကွက်သို့ ထိုင်းဒူးရင်းသီး တင်ပို့မှုတန်ဖိုး စုစုပေါင်း၏ ၈၈ ရာခိုင်နှုန်း ရှိခဲ့ကြောင်း ကုန်သွယ်မှုညှိနှိုင်းရေးဌာန ညွှန်ကြားရေးမှူးချုပ် Oramon Sapthaweetham ထံမှသိရသည်။

ထိုင်းနိုင်ငံသည် ပြီးခဲ့သော ၂၀၂၀ ပြည့်နှစ် တစ်နှစ်လုံးတွင် တရုတ်နိုင်ငံသို့ အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံ တန်ဖိုးရှိ ဒူးရင်းသီးများ တင်ပို့ခဲ့ရပြီး ၂၀၁၉ ခုနှစ်ကထက် ၇၈ ရာခိုင်နှုန်း တိုးလာခဲ့ကြောင်း နှင့် ကမ္ဘာ့ဈေးကွက်သို့ ထိုင်းဒူးရင်းသီး တင်ပို့မှုတန်ဖိုး စုစုပေါင်း၏ ၇၃ ရာခိုင်နှုန်း ရှိကြောင်း ညွှန်ကြားရေးမှူးချုပ် Oramon က ပြောကြားခဲ့သည်။

အာဆီယံ(အရှေ့တောင်အာရှနိုင်ငံများ)-တရုတ် လွတ်လပ်သောကုန်သွယ်ရေး သဘောတူညီချက်အရ ကုန်သွယ်ရေး အခွန်ကင်းလွတ်ခွင့် ပြုထားပြီး တရုတ်နိုင်ငံသည် ထိုင်းဒူးရင်းသီး အကြီးဆုံး တင်ပို့မှုဈေးကွက် ဖြစ်လာခဲ့ကြောင်း ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။ (Xinhua)
———————————————-
(English Version)
Thailand sees 14 pct rise of durian export to China in Q1
BANGKOK, May 4 (Xinhua) — Thailand has exported 186 million U.S. dollars worth of durian to China during this year’s first quarter, said a senior government official on Tuesday.

According to Trade Negotiations Department Director General Oramon Sapthaweetham, the sales of Thai durian to China from January to March this year secured 186 million U.S. dollars, registering a 14 percent increase from the same period last year and accounting for 88 percent of a total of Thai durian export values to the world markets.

Thailand exported 1.5 billion U.S. dollars worth of durian to China throughout last year, marking a 78 percent increase from 2019 and accounting for 73 percent of a total of Thai durian export values to the world markets, Oramon said.

Given the tax-free trading under the ASEAN (Association of Southeast Asian Nations)-China Free Trade Agreement, China has become the Thai durian’s biggest export market, she added. Enditem