Connect with us

Africa & Middle East

အာဖဂန်နစ္စတန်အစိုးရ တပ်ဖွဲ့ က တာလီဘန်လက်နက်ကိုင်အဖွဲ့ဝင် ၁၈၁ ဦးအား ပစ်ခတ်ရှင်းလင်း

အာဖဂန်နစ္စတန်နိုင်ငံ လုံခြုံရေး တပ်ဖွဲ့ဝင် တစ်ဦး Kandahar ပြည်နယ်တွင် လုံခြုံရေးဆောင်ရွက်နေစဉ်(ဆင်ဟွာ)

ကဘူးလ် ၊ မေ ၅ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနက မေလ ၄ ရက် ထုတ်ပြန်ကြေညာချက်အရ လွန်ခဲ့သည့် ၂၄ နာရီအတွင်း အစိုးရတပ်ဖွဲ့အနေဖြင့် တာလီဘန် လက်နက်ကိုင် ၁၈၁ ဦးကို ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း သိရှိရသည်။

ထုတ်ပြန်ကြေညာချက်တွင် အစိုးရတပ်ဖွဲ့အနေဖြင့် Laghman ပြည်နယ် ၊ Ghazni ပြည်နယ် ၊ Kandaharပြည်နယ် ၊ Kabul ပြည်နယ် ၊ Herat ပြည်နယ် ၊ Helmand ပြည်နယ် နှင့် Baghlan စသည့် ပြည်နယ်များတွင် တာလီဘန်လက်နက်ကိုင်တပ်ဖွဲ့အား တိုက်ခိုက်မှုဆောင်ရွက်ခဲ့ကြောင်း ၊ အစိုးရတပ်ဖွဲ့တာလီဘန်လက်နက်ကိုင် တပ်ဖွဲ့ဝင် ၁၈၁ ဦးအား ပစ်ခတ်ရှင်းလင်းခဲ့သည့်အပြင် ပစ်ခတ်မှုအတွင်း တာလီဘန်တပ်ဖွဲ့ဝင် ၈၇ ဦးအား ဒဏ်ရာရရှိခဲ့ကြကြောင်း ၊ ထို့ပြင် အစိုးရတပ်ဖွဲ့အနေဖြင့် တာလီဘန်လက်နက်ကိုင်တပ်ဖွဲ့မှ ကားလမ်းဘေးတွင် မြှုပ်နှံထားသော ပေါက်ကွဲစေမည့် ကိရိယာ ၉၄ ခုကိုလည်း ရှင်းလင်းနိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

အဆိုပါထုတ်ပြန်ကြေညာချက်နှင့်ပတ်သက်၍ လက်ရှိချိန်ထိ တာလီဘန်ဘက်မှ မည်သည့် အကြောင်းပြန်မှုတစ်စုံတရာ ပြန်လည်မပြုလုပ်သေးကြောင်း သိရှိရသည်။
အမေရိကန် နှင့် နေတိုး တပ်ဖွဲ့ဝင်တို့သည် မေလ ၁ ရက်မှစတင်၍ အာဖဂန်နစ္စတန်နိုင်ငံရှိ တပ်ဖွဲ့ဝင်များအား တရားဝင်စတင်ရုပ်သိမ်းခဲ့ပြီး အစီအစဉ်အရ စက်တင်ဘာ ၁၁ ရက်မတိုင်မီ တပ်ဖွဲ့ဝင်များအားလုံးကို ပြန်လည်ရုပ်သိမ်းသွားမည်ဖြစ်သည်။ လတ်တလောရက်ပိုင်းတွင် အာဖဂန်နစ္စတန်နိုင်ငံပြည်တွင်း၌ တိုက်ခိုက်မှုများ အဆက်မပြတ်ဖြစ်ပွားလာခဲ့ပြီး လုံခြုံရေးအခြေအနေ မှာလည်း တစ်နေ့တစ်ခြား ပိုမိုဆိုးရွားလာခဲ့ကြောင်း သိရှိရသည်။ (Xinhua)

———————————————-
(Chinese Version)

(国际)阿富汗政府军击毙181名塔利班武装人员
2021-05-04 23:41:02 分类: 武装力量及其活动
  新华社喀布尔5月4日电(记者史先涛)阿富汗国防部4日发表声明说,在过去24小时内,政府军共击毙181名塔利班武装人员。
  声明说,政府军在拉格曼省、加兹尼省、坎大哈省、查布尔省、赫拉特省、赫尔曼德省和巴格兰省等地展开打击塔利班武装的行动。除击毙181名塔利班武装人员外,政府军还打伤87名塔利班武装人员。另外,政府军还发现并拆除了塔利班武装分子在路边埋设的94枚简易爆炸装置。
  目前,塔利班方面尚未对国防部上述声明做出回应。
  美国和北约军队5月1日起正式开始撤离阿富汗,计划在9月11日前撤完。近期,阿富汗国内袭击事件不断,安全形势日趋恶化。(完)

Photo
2月22日,阿富汗安全人员参加在坎大哈省展开的打击行动。 新华社发(萨纳乌拉•西奥姆)