Connect with us

North America

အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်တွင် ရဲတပ်ဖွဲ့ဝင်၏ပစ်ခတ်မှုကြောင့် အာဖရိကန်နွယ်ဖွားအမျိုးသားတစ်ဦး သေဆုံးမှုဖြစ်ပွား

အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်တွင် သေနတ်ပစ်ခတ်မှုဖြစ်ပွားသည့်အချင်းဖြစ်နေရာနှင့် အမှုတွင်ပါဝင်ပတ်သက်သူ Ashton Pinkeအားတွေ့ရစဉ် (ဓာတ်ပုံ -အင်တာနက်)

 ပေကျင်း၊ မေ ၅ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် Mesquiteမြို့တွင် မေ ၄ ရက်က ရဲတပ်ဖွဲ့ဝင်(၂)ဦး၏ ပစ်ခတ်မှုကြောင့် Ashton Pinkeအမည်ရှိ အာဖရိကန်နွယ်ဖွား အမေရိကန်နိုင်ငံသား အမျိုးသားတစ်ဦး သေဆုံးခဲ့သည်။

ဒေသခံရဲတပ်ဖွဲ့က Ashton Pinkeသည် ဓါးနှင့်တုတ်ကိုင်၍ အန္တရာယ်ပြုမှုကြောင့် သေနတ်နှင့် ပစ်ခတ်ရခြင်းဖြစ်ကြောင်း ဆိုသည်။ သို့သော် သေဆုံးသူ၏ မိသားစုဝင်နှင့် မျက်မြင်သက်သေက ၎င်း၏လက်ထဲတွင် တုတ်ကောက်တစ်ချောင်းသာရှိကြောင်း ဆိုသည်။

Mesquiteမြို့ရဲစခန်းတွင် မေ ၄ ရက်က အမှုတိုင်ကြားသည့် ဖုန်းဝင်လာခဲ့ကြောင်း၊ ဖုန်းထဲတွင် အမျိုးသမီးတစ်ဦး အော်ဟစ်ငိုကြွေးနေသည့်အသံကို ကြားရကြောင်း ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်တစ်ခု၌ ဖော်ပြထားသည်။ အချင်းဖြစ်နေရာသို့ သွားရောက်သည့်အခါ Ashton Pinkeက တုတ်၊ဓါးကိုင်ဆောင်ကာ အန္တရာယ်ပြုတုန့်ပြန်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။ ရဲတပ်ဖွဲ့က သေနတ်နှင့်ပစ်ခတ်ပြီးနောက် ၎င်းအား ဆေးရုံသို့ ပို့ဆောင်ခဲ့သော်လည်း ဒဏ်ရာပြင်းထန်ခြင်းကြောင့် သေဆုံးခဲ့ကြောင်း သိရသည်။

လက်ရှိ Ashton Pinke၏ မိသားစုဝင်များက ရှေ့နေခေါ်ထားပြီဖြစ်ပြီး ဥပဒေစိုးမိုးရေးအတွက် ဆောင်ရွက်ရာတွင် တစ်ပါးတည်းရိုက်ကူးထားသည့်ဗွီဒီယိုကို ထုတ်ပေးရန် ဒေသခံဆန္ဒပြသူများနှင့်အတူ တောင်းဆိုလျက်ရှိကြောင်း သိရသည်။ သေနတ်ပစ်ခတ်မှုတွင် ပါဝင်သည့် ရဲအရာရှိ (၂)ဦး၏အမည်ကို ထုတ်ဖော်ပြောကြားခြင်းမရှိသော်လည်း လုပ်သက်(၂၅)နှစ် အတွေ့အကြုံရှိသည့် အမျိုးသမီးရဲအရာရှိတစ်ဦးနှင့် လုပ်သက်(၂၁)နှစ်ရှိ အမျိုးသားရဲအရာတစ်ဦး ဖြစ်ကြောင်း ၊ ယင်းရဲအရာရှိနှစ်ဦးကို တာဝန်မှရပ်နားကာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ဖို့ စီစဉ်လျက်ရှိကြောင်း သိရသည်။ (Xinhua)

———————————————-
(Chinese Version)
美国得克萨斯州又出现警察枪杀非洲裔男子事件
2021-05-05 10:50:49浏览量:392579 来源:央视新闻客户端

当地时间5月4日,美国得克萨斯州梅斯基特市(Mesquite)一位名叫阿什顿•平克(Ashton Pinke)的非洲裔美国男子被两名警察开枪打死。据当地警方称,开枪是因为平克当时持“刀子和棍棒”威胁他们。但是死者家人和目击者均坚称他只带着一根手杖。
警方在一份新闻稿中称,梅斯基特市警察局4日当天接到911报警电话,并听到一名妇女在电话中尖叫和哭泣。警方表示,到达现场后,平克持有“刀和棍子”与警察对峙。警方在开枪后将平克送往医院抢救,但是平克随后因伤势过重被宣布死亡。
目前,平克的家人已经聘请了律师,并和当地的抗议人士一起,要求警方提供随身摄像机的执法视频。警方没有透露参与枪击事件的两名警官姓名,但据了解是一名有25年从业经验的女警官和一名有21年从业经验的男警官,两名警官已经被安排接受停职调查。(记者 许弢)
编辑:孟洁