ဝါရှင်တန်၊မေ ၅ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံသမ္မတဂျိုးဘိုင်ဒန်က လာမည့် ဇွန်လတွင် သွားရောက်မည့် ၎င်း၏ ဥရောပခရီးစဉ်အတွင်း ရုရှားနိုင်ငံသမ္မတဗလာတီမာပူတင်နှင့်အတူ တွေ့ဆုံဆွေးနွေးနိုင်ရန် မျှော်လင့်ထားကြောင်း မေ ၄ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။
ဗီယင်ကျန်း၊မေ ၅ ရက်(ဆင်ဟွာ) လာအိုနိုင်ငံ၌ COVID-19 ကပ်ရောဂါတိုက်ဖျက်ရေး ကူညီပေးရန်အတွက် တရုတ်နိုင်ငံမှ ဆေးဘက်ကျွမ်းကျင်ပညာရှင်အဖွဲ့တစ်ဖွဲ့သည် ဆေးဝါးပစ္စည်းများနှင့်အတူ မေ ၄ ရက်က လာအိုနိုင်ငံ မြို့တော် ဗီယင်ကျန်းသို့ရောက်ရှိလာခဲ့ကြောင်း သိရသည်။လာအိုနိုင်ငံ ဒုတိယဝန်ကြီးချုပ် Kikeo Khaykhamphithoune နှင့် လာအိုနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး Jiang Zaidong တို့က...
ဂျီနီဗာ ၊ မေ ၄ ရက် (ဆင်ဟွာ) ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏စာရင်းပြုစုချက်အရ မေ ၃ ရက်အချိန်ထိ ကမ္ဘာပေါ်တွင် COVID-19 ရောဂါကူးစက်ခံရသူစုစုပေါင်း သန်း ၁၅၀ ကျော်ရှိလာခဲ့ပြီး ရောဂါကြောင့်သေဆုံးခဲ့ရသူ ၃.၂ သန်းခန့်ရှိလာခဲ့ကာ လတ်တလောရက်ပိုင်းတွင် အိန္ဒိယ နှင့် ဘရာဇီး နိုင်ငံတို့၌...
ဘန်ကောက် ၊ မေ ၄ ရက်(ဆင်ဟွာ) ထိုင်းနိုင်ငံ၌ COVID-19 လူနာသစ် ၁၇၆၃ ဦး တိုးလာခဲ့သဖြင့် လူနာပေါင်း ၇၂,၇၈၈ ဦးထိ ရှိလာခဲ့ကြောင်း COVID-19 အခြေအနေစီမံခန့်ခွဲရေးစင်တာ (CCSA)၏ မေ ၄ ရက်တွင် ထုတ်ပြန်သော အချက်အလက်များအရ သိရသည်။
ဟီရတ်၊ အာဖဂန်နစ္စတန်၊ မေ ၄ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန် အနောက်ပိုင်း ဟီရတ်ပြည်နယ်၌ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် ရေကြီးရေလျှံမှုဖြစ်ပွားခြင်းတို့ကြောင့် အနည်းဆုံး လူ ၁၂ ဦးသေဆုံးခဲ့ကြောင်းဒေသအစိုးရက မေ ၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။