Connect with us

ASEAN

ထိုင်းနိုင်ငံံ၌ COVID-19 လူနာသစ် ၁,၇၆၃ ဦး စစ်ဆေးတွေ့ရှိ ၊ သေဆုံးသူ ၂၇ ဦးထပ်တိုး

ထိုင်းနိုင်ငံ၌ ကျန်းမာရေးဝန်ထမ်းတစ်ဦးက အမျိုးသမီးတစ်ဦးအား COVID-19 ရောဂါ ရှိ/မရှိ စစ်ဆေးရန် Swab ရယူနေစဉ်(ဆင်ဟွာ)

ဘန်ကောက် ၊ မေ ၄ ရက်(ဆင်ဟွာ)

ထိုင်းနိုင်ငံ၌ COVID-19 လူနာသစ် ၁၇၆၃ ဦး တိုးလာခဲ့သဖြင့် လူနာပေါင်း ၇၂,၇၈၈ ဦးထိ ရှိလာခဲ့ကြောင်း COVID-19 အခြေအနေစီမံခန့်ခွဲရေးစင်တာ (CCSA)၏ မေ ၄ ရက်တွင် ထုတ်ပြန်သော အချက်အလက်များအရ သိရသည်။

သေဆုံးသူ ၂၇ ဦး ထပ်တိုးလာခဲ့ပြီး ဧပြီလ ၁ ရက်မှစ၍ သေဆုံးသူ ၂၀၀ ကျော်နှင့်အတူ သေဆုံးသူပေါင်း ၃၀၃ ဦးထိ မြင့်တက်လာခဲ့ကြောင်း သိရသည်။ယခုစစ်ဆေးတွေ့ရှိသော လူနာသစ်များတွင် နိုင်ငံ၏ အခြားဒေသများသို့ လျှင်မြန်စွာ ပြန့်နှံခဲ့သည့် မကြာသေးမီက ရောဂါဖြစ်ပွားရာ ဗဟိုချက်ဖြစ်သော ဘန်ကောက်မြို့၌ ၅၆၂ ဦး အပါအဝင် ၁,၇၅၀ ဦးမှာ ပြည်တွင်းကူးစက်ခံရသူများ ဖြစ်ပြီး ၁၃ ဦးမှာ ပြည်ပမှ ဝင်ရောက်လာသူများ ဖြစ်ကြောင်း CCSA ထံမှ သိရသည်။

အတည်ပြုလူနာများအနက် ၁,၀၀၉ ဦးမှာ စိုးရိမ်ရသည့်အခြေအနေတွင် ရှိပြီး ၃၁၁ ဦးမှာ အသက်ရှူစက်များ တပ်ဆင်ထားရခြင်းနှင့်အတူ လက်ရှိတွင် လူနာ ၃၀,၀၀၀ ကျော်မှာ ဆေးရုံ၌ ကုသမှု ခံယူလျက်ရှိသည်။ စိုးရိမ်ရသည့် အခြေအနေတွင် ရှိသော လူနာအရေအတွက် ဆက်လက်မြင့်တက်လာသည်နှင့်အမျှ နိုင်ငံတွင် သေဆုံးမှုများ ထပ်မံတိုးလာနိုင်ဖွယ် ရှိကြောင်း သိရသည်။ထိုင်းနိုင်ငံရှိ ကမ္ဘာ့ကျန်းမာရေးအဖွဲ့WHO အနေဖြင့် မကြာသေးမီက ချမှတ်ခဲ့သည့် အစီအမံများသည် ပြန့်နှံ့မှုကို ထိန်းချုပ်ရန် လုံလောက်မှု ရှိ/မရှိ အကဲဖြတ်နိုင်ရန် နှစ်ပတ်ခန့်ကြာမြင့်နိုင်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

———————————————-
(English Version)

Thailand reports 1,763 new COVID-19 cases, 27 more deaths
BANGKOK, May 4 (Xinhua) — The number of COVID-19 cases in Thailand increased by 1,763 to 72,788, data from the country’s Center for COVID-19 Situation Administration (CCSA) showed on Tuesday.
Another 27 deaths were reported, raising the national death toll to 303, with more than 200 reported since April 1.
Of the new infections, 1,750 were local transmissions, including 562 in the capital Bangkok, the epicenter of the recent outbreak which quickly spread to the rest of the country, and 13 were imported, according to the CCSA.
Over 30,000 confirmed cases are currently hospitalized, with 1,009 in serious condition and 311 of which on ventilators. As the number of people in critical condition keeps rising, the country is likely to witness a further increase in fatalities.
World Health Organization (WHO) Thailand said that it might take up to two weeks before it can assess whether the recently imposed measures are sufficient to contain the spread. Enditem