Connect with us

Africa & Middle East

အာဖဂန်နစ္စတန်နိုင်ငံ အနောက်ပိုင်းတွင် ရေကြီးမှုကြောင့် အနည်းဆုံး လူ ၁၂ ဦးသေဆုံး

အာဖဂန်နစ္စတန်နိုင်ငံ Nangarhar ပြည်နယ် Kozkunar ခရိုင် Qalatak ကျေးရွာ၌ ရေကြီးမှုဖြစ်ပွားပြီးနောက် ၂၀၂၀ပြည့်နှစ် သြဂုတ် ၁ရက်က အလုပ်လုပ်နေသည့်ဒေသခံများအားတွေ့ရစဉ် (ဆင်ဟွာ)

ဟီရတ်၊ အာဖဂန်နစ္စတန်၊ မေ ၄ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန် အနောက်ပိုင်း ဟီရတ်ပြည်နယ်၌ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် ရေကြီးရေလျှံမှုဖြစ်ပွားခြင်းတို့ကြောင့် အနည်းဆုံး လူ ၁၂ ဦးသေဆုံးခဲ့ကြောင်းဒေသအစိုးရက မေ ၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။

“မေ ၃ ရက်က ဟီရတ်ပြည်နယ်အတွင်းရှိ Adraskan ခရိုင်နှင့် အနီးအနား ခရိုင်များတွင် နေရာအနှံ့အပြားရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ကြောင်း’’ ၎င်းထုတ်ပြန်ချက်ကဆိုသည်။သေဆုံးသူများတွင် အမျိုးသမီး ဦးနှင့် ကလေး ၄ ဦး ပါဝင်ကြောင်း ဒေသအစိုးရ သတင်းအရင်းအမြစ်အရ သိရသည်။

ရေလွှမ်းမိုးမှုကြောင့် ခရိုင်အတွင်းရှိ လူနေအိမ်များနှင့် ဥယျာဉ်ခြံများစွာ ပျက်စီးသွားကြောင်း နှင့် ခရိုင်အများအပြားတွင် ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပွားခဲ့ကြောင်း ထုတ်ပြန်ချက်ကဆိုသည်။ကယ်ဆယ်ရေးဝန်ထမ်းများသည် ဘေးဒဏ်သင့်ဒေသများသို့ ရောက်ရှိခဲ့ပြီး ၎င်းဒေသများရှိ အိမ်ထောင်စုများအား ဘေးကင်းလုံခြုံသည့် နေရာများသို့ ရွှေ့ပြောင်းပေးခဲ့သည်ဟုတ် ထုတ်ပြန်ချက်တွင် ပါရှိသည်။
မကြာသေးမီရက်သတ္တပတ်များက နိုင်ငံအတွင်း ဒေသများစွာတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့ကြောင်း သိရသည်။ (Xinhua)

———————————————-
(Chinese Version)
At least 12 killed in floods in western Afghanistan
HERAT, Afghanistan, May 4 (Xinhua) — At least 12 people were killed as heavy rains and flash floods hit parts of Afghanistan’s western province of Herat, the local government said on Tuesday.
“Flash floods engulfed vast areas in Adraskan district and neighboring districts in Herat province on Monday,” it said in a statement.
Among the dead were one woman and four children, according to a local government source.
The floods also destroyed tens of residential houses and orchards in the districts and caused closure of several district roads to traffic, the statement said.
The rescue personnel have arrived in the affected areas, and scores of local households have so far been evacuated to safe areas, according to the statement.
Heavy rains hit many areas in the country in recent weeks. Enditem