Connect with us

North America

သမ္မတဘိုင်ဒန်က ဇွန်လ ဥရောပခရီးစဉ်အတွင်း သမ္မတ ပူတင်နှင့်တွေ့ဆုံရန် မျှော်လင့်

အမေရိကန်နိုင်ငံသမ္မတ ဂျိုးဘိုင်ဒန်(ဝဲ) နှင့် ရုရှားနိုင်ငံသမ္မတ ဗလာတီမာပူတင်(ယာ) တို့အားတွေ့ရစဉ်(ဆင်ဟွာ)

ဝါရှင်တန်၊မေ ၅ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံသမ္မတဂျိုးဘိုင်ဒန်က လာမည့် ဇွန်လတွင် သွားရောက်မည့် ၎င်း၏ ဥရောပခရီးစဉ်အတွင်း ရုရှားနိုင်ငံသမ္မတဗလာတီမာပူတင်နှင့်အတူ တွေ့ဆုံဆွေးနွေးနိုင်ရန် မျှော်လင့်ထားကြောင်း မေ ၄ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။

ဇန်နဝါရီလက သမ္မတ ရာထူးရယူခဲ့ပြီးနောက် ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် ဇွန်လတွင် ဥရောပသို့သွားရောက်မည့် ၎င်း၏ခရီးစဉ်အတွင်း ပူတင်နှင့်တွေ့ဆုံဆွေးနွေးရန်အစီအစဉ်ရှိမရှိ သတင်းထောက်၏ မေးမြန်းချက်အပေါ် ဘိုင်ဒန်က “ ဒါဟာ ကျွန်တော်ရဲ့ မျှော်လင့်ချက်နဲ့မျှော်မှန်းချက်ပါပဲ ၊ အဲဒီအတွက် လုပ်နေပါတယ် ” ဟု ပြန်လည်ဖြေကြားခဲ့သည်။

ဘိုင်ဒန်သည် ဇွန် ၁၁ ရက်မှ ၁၃ ရက်အထိ ဗြိတိန်နိုင်ငံ Cornwall ၌ ကျင်းပပြုလုပ်မည့် G7 ထိပ်သီးအစည်းအဝေးတက်ရောက်သွားမည်ဖြစ်ပြီး G7 အဖွဲ့ဝင်နိုင်ငံများမှ ခေါင်းဆောင်များနှင့်အတူ တစ်နိုင်ငံချင်းသီးသန့်ဆွေးနွေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

၎င်းသည် ဇွန် ၁၄ ရက်တွင် ကျင်းပမည့် နေတိုး(NATO)ထိပ်သီးအစည်းအဝေး တက်ရောက်ရန် ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်စ်ဆဲလ်မြို့သို့လည်း သွားရောက်မည်ဖြစ်သည်။
ဘိုင်ဒန်က နှစ်နိုင်ငံအရေးကိစ္စရပ်များအား ဆွေးနွေးရန် လာမည့် နွေရာသီ ဥရောပခရီးစဉ်အတွင်း ရုရှားသမ္မတပူတင်နှင့်အတူ ထိပ်သီးအစည်းအဝေးတစ်ခု ပြုလုပ်သွားရန် အဆိုပြုထားကြောင်း အမေရိကန်မီဒီယာက အစောပိုင်းတွင် ဖော်ပြခဲ့သည်။ အိမ်ဖြူတော်က ယင်းအစည်းအဝေးနှင့်ပတ်သက်၍ အသေးစိတ်ကို ထုတ်ဖော်ပြောကြားထားခြင်းမရှိပေ။

အမေရိကန် နှင့် ရုရှား နှစ်နိုင်ငံအကြား ဆက်ဆံရေးသည် မကြာသေးခင်နှစ်များက ယိုယွင်းမှုများဖြစ်ပေါ်ခဲ့သည်။ ယူကရိန်းအရေး နှင့် ဆိုက်ဘာလုံခြုံရေးကိစ္စရပ်များတွင် နှစ်နိုင်ငံအကြား ခါးခါးသီးသီးသဘောထားကွဲလွဲမှု ဖြစ်ပေါ်ခဲ့ပြီး တစ်ဖက်နှင့်တစ်ဖက် ပြည်တွင်းနိုင်ငံရေးဝင်ရောက်စွက်ဖက်မှုအဖြစ် အပြန်အလှန်စွပ်စွဲခဲ့ကြကြောင်း သိရသည်။(Xinhua)
———————————————-
(English Version)
Biden says he hopes to meet Putin during Europe trip in June
WASHINGTON, May 4 (Xinhua) — U.S. President Joe Biden said Tuesday that he expects to hold a meeting with Russian President Vladimir Putin during his trip to Europe in June.
“That is my hope and expectation. We are working on it,” Biden told reporters when asked if he plans to meet Putin during his upcoming trip to Europe, the first overseas visit since he took office in January.
Biden will attend the Group of Seven (G7) Summit in Cornwall, Britain from June 11 to 13, and hold bilateral meetings with leaders of G7 members. He will then travel to Brussels, Belgium to participate in the NATO Summit on June 14.
Biden had proposed a summit with Putin in Europe this summer to address a range of bilateral issues. U.S. media reported earlier that the White House is hammering out the details of the summit.
Relations between Washington and Moscow have been adversarial in recent years. The two were bitterly divided over Ukraine and cybersecurity issues, and they mutually accused the other of domestic political interference. Enditem
Combo photo of U.S. President Joe Biden (L) and Russian President Vladimir Putin. (Xinhua)