မက္ကဆီကိုစီးတီး၊ မေ ၄ ရက် (ဆင်ဟွာ) မက္ကဆီကိုနိုင်ငံ မက္ကဆီကိုစီးတီးမြို့ တောင်ပိုင်းတွင် မေ ၃ ရက်ညပိုင်းက ကောင်းကင်ရထားသံလမ်း ပြိုကျမှုကြောင့် အနည်းဆုံး လူ ၁၅ ဦး သေဆုံးပြီး အခြားသူ ၇၀ ဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံအာဏာပိုင်များမှ ကနဦးနောက်ဆုံးရသတင်းအရ သိရသည်။
ရီယိုဒီဂျနေးရိုး၊ မေ ၄ ရက် (ဆင်ဟွာ) ဘရာဇီးနိုင်ငံ၌ လွန်ခဲ့သော ၂၄ နာရီ အတွင်း COVID-19 ဖြင့် ထပ်မံသေဆုံးသူ ၉၈၃ ဦးရှိခဲ့ရာ တစ်နိုင်ငံလုံးတွင် စုစုပေါင်း သေဆုံးသူဦးရေ ၄၀၈,၆၂၂ ဦး သို့ ရောက်ရှိလာခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန က မေ ၃...
အစ္စလာမ်မာဘတ်၊ မေ ၄ ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံတွင် ကာကွယ်ဆေးထိုးနှံခြင်းအစီအစဉ် အဆင်ပြေချောမွေ့စေရန် တရုတ်နိုင်ငံ၏ တစ်ကြိမ်တည်းသာထိုးနှံရသော CanSino COVID-19 ကာကွယ်ဆေး ထုတ်လုပ်ခြင်းကို စတင်သွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်၏ ကျန်းမာရေးဆိုင်ရာ အထူးလက်ထောက် Faisal Sultan က မေ ၃ ရက်၌ ပြောကြားခဲ့သည်။
လန်ဒန်၊ မေ ၄ ရက်(ဆင်ဟွာ) G7 အဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို ဗြိတိန်နိုင်ငံ လန်ဒန်မြို့တွင် မေ ၃ ရက်က စတင်ကျင်းပခဲ့သည်။ ယင်းအစည်းအဝေးသည် (၂)နှစ်နီးပါးကြာကာလ G7အဖွဲ့ဝင် ကိုယ်စားလှယ်များ၏ ပထမဆုံးအကြိမ် မျက်နှာစုံညီတွေ့ဆုံသည့် ဆွေးနွေးပွဲဖြစ်သည်။
မွန်ဘိုင်း ၊ မေ ၄ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံ ဆေးဝါး ကုမ္ပဏီ ဖြစ်သည့် Natco Pharma မှ ထုတ်လုပ်သော Baricitinib ဆေးပြားများကို COVID-19 လူနာများကုသရာ၌ အသုံးပြုရန်အတွက် ဗဟိုဆေးဝါးစံချိန်စံညွှန်းထိန်းချုပ်ရေးအဖွဲ့ထံမှ ခွင့်ပြုချက် ရရှိခဲ့ကြောင်း ကုမ္ပဏီက မေ ၃ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။