Connect with us

CHINA

ပါကစ္စတန်နိုင်ငံတွင် တရုတ်နိုင်ငံ၏ COVID-19 ကာကွယ်ဆေး ထုတ်လုပ်မှု စတင်မည်

ပါကစ္စတန်နိုင်ငံ ပတ်ရှ်ဝါမြို့ရှိ ဆေးရုံတစ်ရုံတွင် တရုတ်နိုင်ငံ၏ COVID-19 ကာကွယ်ဆေးအား ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြသနေစဉ် (ဆင်ဟွာ)

အစ္စလာမ်မာဘတ်၊ မေ ၄ ရက် (ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံတွင် ကာကွယ်ဆေးထိုးနှံခြင်းအစီအစဉ် အဆင်ပြေချောမွေ့စေရန် တရုတ်နိုင်ငံ၏ တစ်ကြိမ်တည်းသာထိုးနှံရသော CanSino COVID-19 ကာကွယ်ဆေး ထုတ်လုပ်ခြင်းကို စတင်သွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်၏ ကျန်းမာရေးဆိုင်ရာ အထူးလက်ထောက် Faisal Sultan က မေ ၃ ရက်၌ ပြောကြားခဲ့သည်။

ပါကစ္စတန်နိုင်ငံတွင် COVID-19 ကပ်ရောဂါတိုက်ဖျက်ရေးအတွက် တရုတ်နိုင်ငံက ပံ့ပိုးပေးခြင်းအတွက် ကျေးဇူးတင်ကြောင်း၊ တရုတ်နိုင်ငံသည် ကာကွယ်ဆေးနှင့် အခြားသော အထောက်အပံ့ပစ္စည်းများ လှူဒါန်းသော အခိုင်အမာမိတ်ဖက်အဖြစ် ဆက်လက်ရှိနေကြောင်းနှင့် ပါကစ္စတန်နိုင်ငံအား ကာကွယ်ဆေးထုတ်လုပ်ခြင်း နည်းပညာ လွှဲပြောင်းပေးလျက်ရှိကြောင်း Sultan က ဒေသခံမီဒီယာအား ပြောကြားခဲ့သည်။

CanSino ကာကွယ်ဆေး ထုတ်လုပ်မှုစတင်ခြင်းကို ပါကစ္စတန်နိုင်ငံ၌ COVID-19 ကာကွယ်ဆေး လိုအပ်ချက်များနှင့် ကိုက်ညီမှုစေရန် နိုင်ငံအတွင်း ပြည့်စုံမှုရှိစေရေး ဖြည်းဖြည်းချင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ပါကစ္စတန်နိုင်ငံတွင် ကာကွယ်ဆေးထိုးနှံမည့်သူ သန်း ၁၀၀ ရှိသည့်အနက် ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းတွင် လူဦးရေ သန်း ၇၀ ကို ကာကွယ်ဆေးထိုးနှံပေးရန် ရည်မှန်းထားခဲ့ကြောင်း၊ လက်ရှိတွင် နေ့စဉ် လူပေါင်း ၁၅၀,၀၀၀ ဦးနီးပါး ကာကွယ်ဆေးထိုးနှံပေးလျက်ရှိကြောင်း၊ အစိုးရအနေဖြင့် နေ့စဉ် လူဦးရေ ၃၀၀,၀၀၀ ဦးအား ကာကွယ်ဆေးထိုးနှံပေးနိုင်ရန် ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိကြောင်း Sultan က ပြောခဲ့သည်။

ပါကစ္စတန်နိုင်ငံတွင် လူဦးရေ သန်း ၂၂၀ ရှိပြီး ၂.၅ သန်းမှာ ကာကွယ်ဆေးထိုးနှံပြီးဖြစ်ကြောင်း အဆိုပါ တာဝန်ရှိသူက ပြောခဲ့သည်။ပါကစ္စတန်နိုင်ငံတွင် မေ ၂ ရက်အထိ ရောဂါအတည်ပြုလူနာ ၈၃၄,၁၄၆ ဦး၊ သေဆုံးသူ ၁၈,၁၄၉ ဦးနှင့် ပြန်လည်ကျန်းမာလာသူ ၇၂၈,၀၄၄ ဦးရှိပြီဖြစ်ကြောင်း အမျိုးသား ကွပ်ကဲရေးနှင့် အော်ပရေးရှင်းစင်တာအရ သိရသည်။ (Xinhua)

—————————————
(English Version)

Pakistan to commence local production of China’s COVID-19 vaccine: official

ISLAMABAD, May 3 (Xinhua) — Special Assistant to the Pakistani Prime Minister on Health Faisal Sultan said Monday that the local production of China’s single-dose CanSino COVID-19 vaccine is about to commence in the country to facilitate its vaccination drive.
Thanking China for supporting Pakistan in its fight against the COVID-19 pandemic, Sultan told local media that China remains a strong partner which had donated vaccines and other supplies and is also transferring technology of vaccine production to Pakistan.
The start of the local production of the CanSino vaccine will gradually make Pakistan largely self-sufficient in meeting its COVID-19 vaccine needs, he said.
Sultan said out of 100 million people eligible for vaccination in the country, the government aimed to vaccinate 70 million by the end of 2021, adding that currently, Pakistan is vaccinating nearly 150,000 people every day, while the government is making efforts to reach a target of 300,000 vaccinations daily.
Pakistan has a population of 220 million and over 2.5 million people have already been vaccinated owing to the proactive strategy of the government for vaccine procurement, the official said.
According to Pakistan’s National Command and Operation Center, the country had reported 834,146 confirmed cases with 18,149 deaths and 728,044 recoveries as of Sunday. Enditem
A medical worker shows China’s COVID-19 vaccine at a hospital in Peshawar, Pakistan, Feb. 3, 2021. Pakistan formally started the drive to administer the China-donated Sinopharm COVID-19 vaccines to its frontline healthcare workers on Wednesday, the National Command and Operation Center (NCOC) said. The drive was launched simultaneously in all four provinces, federating units and the capital in the ceremonies attended by chief ministers, senior ministers and health officials, the NCOC said. (Photo by Umar Qayyum/Xinhua)