Connect with us

WORLD

ဘရာဇီးနိုင်ငံနိုင်ငံတွင် COVID-19 ကြောင့် သေဆုံးသူ ၄၀၈,၆၂၂ ဦး ရှိလာ

၂၀၂၀ပြည့်နှစ်၊ ဇူလိုင် ၆ ရက်က ဘရာဇီးနိုင်ငံ ဆော်ပိုလိုမြို့ရှိ ဆံပင်ညှပ်ဆိုင်တစ်ခုတွင် ဆံပင်ညှပ်ခံနေသူတစ်ဦးအားတွေ့ရစဉ် (ဆင်ဟွာ)

ရီယိုဒီဂျနေးရိုး၊ မေ ၄ ရက် (ဆင်ဟွာ)

ဘရာဇီးနိုင်ငံ၌ လွန်ခဲ့သော ၂၄ နာရီ အတွင်း COVID-19 ဖြင့် ထပ်မံသေဆုံးသူ ၉၈၃ ဦးရှိခဲ့ရာ တစ်နိုင်ငံလုံးတွင် စုစုပေါင်း သေဆုံးသူဦးရေ ၄၀၈,၆၂၂ ဦး သို့ ရောက်ရှိလာခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန က မေ ၃ ရက်တွင် ဆိုသည်။

တချိန်တည်းမှာပင် စမ်းသပ်စစ်ဆေးမှုများအရ ကူးစက်မှုအသစ် ၂၄,၆၁၉ ဦး အားတွေ့ရှိခဲ့ပြီး တစ်နိုင်ငံလုံးတွင် စုစုပေါင်း ကူးစက်ခံရသူဦးရေ ၁၄,၇၇၉,၅၂၉ ဦး အထိ ရှိလာကြောင်း သိရသည်။ဘရာဇီးနိုင်ငံသည် COVID-19 ကြောင့် လူသေဆုံးမှုတွင် အမေရိကန်နိုင်ငံပြီးလျှင် ဒုတိယအများဆုံးဖြစ်ပြီး ရောဂါဖြစ်ပွားမှုအနေဖြင့်မူ အမေရိကန်နိုင်ငံနှင့် အိန္ဒိယနိုင်ငံပြီးလျှင် တတိယအများဆုံးဖြစ်ကြောင်း သိရသည်။

ဘရာဇီးနိုင်ငံသည်ကပ်ရောဂါ လှိုင်းအသစ်ကို ရင်ဆိုင်နေရပြီး ရောဂါဖြစ်ပွားမှုနှင့် သေဆုံးမှုနှုန်းမြင့်တက်နေခြင်းကြောင့် ပြည်သူ့ကျန်းမာရေးစနစ်၏ ကြီးမားသော အစိတ်အပိုင်းတစ်ခု ပြိုလဲခဲ့ကြောင်း သိရသည်။၂၀၂၀ပြည့်နှစ် ဖေဖော်ဝါရီ ၂၆ ရက်တွင် ဘရာဇီးနိုင်ငံ၌ ပထမဆုံး COVID-19 ရောဂါလူနာ စတင်တွေ့ရှိခဲ့ကြောင်း သိရသည်။ (Xinhua)
—————————————
(English Version)
Brazil’s COVID-19 death toll reaches 408,622
RIO DE JANEIRO, May 3 (Xinhua) — Brazil’s COVID-19 death toll reached 408,622 after 983 more deaths were registered in the last 24 hours, the Ministry of Health said on Monday.
Meanwhile, tests detected 24,619 new infections in the same period, taking its nationwide tally to 14,779,529.
Brazil has the world’s second-highest COVID-19 death toll, after the United States, and the third-largest outbreak, behind the United States and India.
The South American country is facing a new wave of the pandemic, which has resulted in an increase in cases and deaths, and the collapse of a large part of its public healthcare system.
The country registered its first COVID-19 case on Feb. 26, 2020. Enditem