Connect with us

ASEAN

အိန္ဒိယကုမ္ပဏီထုတ် ဆေးဝါးတစ်မျိုးကို COVID-19 ရောဂါကုသရေးအတွက် အရေးပေါ်အသုံးပြုရန် ခွင့်ပြုပေးခဲ့

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ရှိ အစိုးရဆေးရုံတစ်ခု၌ အမျိုးသမီးတစ်ဦး COVID-19 ကာကွယ်ဆေး ထိုးနှံမှု ခံယူနေစဉ်(ဆင်ဟွာ)

မွန်ဘိုင်း ၊ မေ ၄ ရက်(ဆင်ဟွာ)

အိန္ဒိယနိုင်ငံ ဆေးဝါး ကုမ္ပဏီ ဖြစ်သည့် Natco Pharma မှ ထုတ်လုပ်သော Baricitinib ဆေးပြားများကို COVID-19 လူနာများကုသရာ၌ အသုံးပြုရန်အတွက် ဗဟိုဆေးဝါးစံချိန်စံညွှန်းထိန်းချုပ်ရေးအဖွဲ့ထံမှ ခွင့်ပြုချက် ရရှိခဲ့ကြောင်း ကုမ္ပဏီက မေ ၃ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

မူလက အဆစ်အမြစ်ယောင်ရမ်းခြင်းကုသရာ၌ အသုံးပြုရန်ထုတ်ထားသော Baricitinib ဆေးကို COVID-19 လူနာများအား ကုသရန်အတွက် Remdesivir ဆေးနှင့်အတူ ၁ မီလီဂရမ် ၊ ၂ မီလီဂရမ် နှင့် ၄ မီလီဂရမ် ပေါင်းစပ်၍ အသုံးပြုရန် ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။

နှစ်စဉ်အမေရိကန်ဒေါ်လာ ၂၇၄ သန်း ဝင်ငွေရရှိနေသော Natco Pharma ကုမ္ပဏီအနေဖြင့် ကပ်ရောဂါကြောင့် နိုင်ငံအနှံ့ပြင်းထန်သော ပြည်သူ့ကျန်းမာရေးဆိုင်ရာ အရေးပေါ်အခြေအနေ နှင့် စိုးရိမ်ဖွယ်အခြေအနေရင်ဆိုင်နေရချိန်တွင် ယင်း၏ဆေးဝါးကို အရေးပေါ်အသုံးပြုနိုင်ရန် အိန္ဒိယနိုင်ငံ၏ ဆေးဝါး အဖွဲ့အစည်းထံမှ ဥပဒေကြောင်းအရ မဖြစ်မနေ ခွင့်ပြုမိန့်လိုင်စင်တောင်းခံသွားမည်ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
အိန္ဒိယနိုင်ငံအနှံ့တွင် ထုတ်လုပ်ရေး စက်ရုံ ၆ ရုံ တည်ဆောက်ထားသည့် ယင်းကုမ္ပဏီသည် ယခုအပတ်တွင် ထုတ်ကုန်များအား စတင်ရန် အဆင်သင့်ရှိကြောင်း သိရသည်။ (Xinhua)

————————————–
(English Version)
Indian company receives emergency use approval for drug treatment of COVID-19
MUMBAI, May 3 (Xinhua) — Indian pharmaceutical company Natco Pharma has received an emergency-use approval for Baricitinib tablets from the Central Drugs Standard Control Organization to treat COVID-19 patients, the company said in a statement on Monday.
Prescribed originally for the treatment of rheumatoid arthritis, Baricitinib approved in strength of 1 mg, 2 mg and 4 mg is used in combination with Remdesivir drug to treat COVID-19 patients.
Natco, with annual revenue of 274 million U.S. dollars, will be requesting a Compulsory License from India’s drug regulator based on emergency use and in light of the grave and serious public health emergency across India due to the pandemic, the statement said.
The company, with six formulation manufacturing facilities across the country, is ready to launch the product this week. Enditem