Connect with us

Europe

G7 အဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး လန်ဒန်မြို့တွင် ကျင်းပ

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Dominic Raabနှင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးAntony Blinken တို့ မေ ၃ ရက်က လန်ဒန်တွင် တွေ့ဆုံဆွေးနွေးစဉ်(ဆင်ဟွာ)

လန်ဒန်၊ မေ ၄ ရက်(ဆင်ဟွာ)

G7 အဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို ဗြိတိန်နိုင်ငံ လန်ဒန်မြို့တွင် မေ ၃ ရက်က စတင်ကျင်းပခဲ့သည်။ ယင်းအစည်းအဝေးသည် (၂)နှစ်နီးပါးကြာကာလ G7အဖွဲ့ဝင် ကိုယ်စားလှယ်များ၏ ပထမဆုံးအကြိမ် မျက်နှာစုံညီတွေ့ဆုံသည့် ဆွေးနွေးပွဲဖြစ်သည်။

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ G7 အဖွဲ့ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို မေ ၃ ရက်က အလုပ်သဘောညစာစားပွဲဖြင့် စတင်ခဲ့ခြင်းဖြစ်ပြီး ကိုဗစ်ကပ်ရောဂါအပြီး စီးပွားရေးပြန်လည်နိုးထရေး၊ ရာသီဥတုအပြောင်းအလဲ၊ ကာကွယ်ဆေး ပူးပေါင်းဆောင်ရွက်ရေး၊ အမျိုးသမီးပညာရေးအခွင့်အလမ်း အာမခံမှုရှိစေရေး စသည့် ခေါင်းစဉ်များကို လာမည့် (၂)ရက်တွင် အဓိကထားဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

 ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးDominic Raab နှင့် ဂျပန်နိုင်ငံခြားရေးဝန်ကြီး Toshimitsu Motegiတို့ မေ ၃ ရက်က လန်ဒန်တွင် တွေ့ဆုံဆွေးနွေးစဉ်(ဆင်ဟွာ)

ယင်းနေ့အစောပိုင်းတွင် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Dominic Raabသည် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken၊ ဂျပန်နိုင်ငံခြားရေးဝန်ကြီးToshimitsu Motegi တို့နှင့် သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။Antony Blinkenနှင့်အတူ နှစ်ဖက်ပူးပေါင်းဆောင်ရွက်ရေး၊ လွတ်လပ်သော ကုန်သွယ်ရေး သဘောတူညီချက် ၊ ကပ်ရောဂါအပြီး စီးပွားရေးပြန်လည်ရှင်သန်ရေးနှင့် အာဖဂန်မှ တပ်ရုပ်သိမ်းရေး၊ အီရန်နျူကလီးယားသဘောတူညီချက်စသည့် အရေးကိစ္စများကို ဆွေးနွေးခဲ့ကြောင်း Dominic Raabက တွေ့ဆုံမှုအပြီး သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး၏ တွေ့ဆုံဆွေးနွေးမှုသည် နှစ်ဖက်ကုန်သွယ်ရေး၊ လုံခြုံရေးပူးပေါင်းဆောင်ရွက်မှု ကဏ္ဍများကို အဓိကထားဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယခုနှစ် G7အဖွဲ့ အလှည့်ကျ ဥက္ကဋ္ဌနိုင်ငံအနေဖြင့် ဗြိတိန်သည် ဩစတြေးလျ၊ တောင်ကိုရီးယား၊ အိန္ဒိယ၊ ဘရူနိုင်းနှင့် တောင်အာဖရိကနိုင်ငံများ၏ နိုင်ငံခြားရေးဝန်ကြီးများကိုလည်း အစည်းအဝေးတွင် ပါဝင်ရန် ဖိတ်ခေါ်ထားသည်။ယခုအကြိမ် တွေ့ဆုံဆွေးနွေးမှုသည် လာမည့်ဇွန်လတွင် ဗြိတိန်၌ကျင်းပမည့် G7ထိပ်သီးအစည်းဝေး၏ အကြိုဖြစ်အဖြစ် ရှုမြင်ကြသည်။ အမေရိကန်၊ဥရောပနှစ်ဖက်လုံးက ယခုတွေ့ဆုံမှုတွင် ထရမ့်အစိုးရခေတ်ကျန်ရစ်ခဲ့သည့် ကွဲလွဲမှုအပ်ကြောင်းများကို ပြန်လည်ကုစားပြီး G7အဖွဲ့၏ အရှိန်အဝါကို ပြန်လည်တည်ဆောက်ရန် မျှော်မှန်းထားကြောင်း ဝေဖန်သုံးသပ်သူများက ဆိုသည်။

G7အဖွဲ့ကို ဗြိတိန်၊ အမေရိကန်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ကနေဒါနှင့် ဂျပန်နိုင်ငံတို့ဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်ရာ ၁၉၉၇ ခုနှစ်တွင် ရုရှားပါဝင်ပြီးနောက် G8အဖွဲ့ ဖြစ်ခဲ့သည်။ ၂၀၁၄ ခုနှစ် ယူကရိန်းအကျပ်အတည်း ဖြစ်ပွားပြီးနောက် ရုရှားကို ထုတ်ပယ်ခဲ့သည်။ (Xinhua)

—————————————
(English Version)
(国际)七国集团外长会在伦敦开幕
2021-05-04 05:41:25
新华社伦敦5月3日电(记者张代蕾 金晶)七国集团外长会3日在英国首都伦敦开幕。这是近两年来七国集团代表首次举行面对面会议。
根据英国外交部发表的声明,七国集团外长会3日以一场工作晚宴开始,未来两天主要议题将包括新冠疫情后经济复苏、气候变化、疫苗合作、保障女性教育权益等。
英国外交大臣拉布当天早些时候与美国国务卿布林肯、日本外相茂木敏充分别举行双边会晤。拉布在会晤后举行的新闻发布会上说,他与布林肯讨论了多边合作、自由贸易协定、疫后经济振兴,以及阿富汗撤军、伊朗核问题全面协议等问题。英日外长会晤的议题则主要集中在双边贸易和安全合作领域。
 作为今年七国集团轮值主席国,英国邀请澳大利亚、韩国、印度、文莱以及南非外长参加本次外长会。
本次外长会被视为将于6月在英国举行的七国集团峰会的预热。分析人士认为,美欧双方希望以此为契机,弥合美国前总统特朗普执政时期留下的分歧与裂痕,重塑七国集团影响力。
  七国集团由英国、美国、法国、德国、意大利、加拿大和日本组成,俄罗斯1997年加入后成为八国集团。2014年乌克兰危机爆发以后,俄罗斯被排除在外。(完)
图说1:5月3日,英国外交大臣拉布(前左三)与美国国务卿布林肯(前右三)在英国伦敦举行双边会晤。
图说2:5月3日,英国外交大臣拉布(左一)与日本外相茂木敏充(右一)在英国伦敦举行双边会晤。

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.