ဘန်ကောက် ၊ဇူလိုင် ၂၄ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့အကြား ဆက်သွယ်ဖောက်လုပ်မည့် အရှည် ၂၅၂ ဒသမ ၃ ကီလိုမီတာရှိ မြန်နှုန်းမြင့်ရထားလမ်းပထမအဆင့်၏အင်ဂျင်နီယာပိုင်းဆိုင်ရာအသေးစိတ်ဒီဇိုင်းကိုတရုတ်နိုင်ငံရထား လမ်းဒီဇိုင်းကော်ပိုရေးရှင်း(CRDC)ကရေးဆွဲပြီးစီးပြီးဖြစ်ကြောင်းဇူလိုင်လ ၂၃ ရက်က ဆင်ဟွာသတင်း သို့ပြောကြားခဲ့သည်ဟုသိရသည်။
နေပြည်တော်၊ ဇူလိုင် ၂၄ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံအနေဖြင့် နိုင်ငံဖြတ်ကျော်မှုခင်းများ တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှုအပြင် ဒေသတွင်း ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းစဉ်များတါင် အာဆီယံ၏မူဘောင်များနှင့်အညီ အဖွဲ့ဝင်နိုင်ငံများ အားလုံး နှင့် ပူးပေါင်းဆောင်ရွက်ရန် အမြဲ အသင့်ရှိနေသည်ဟု ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဗိုလ်ချုပ် အောင်သူက...
ခတ္တမန္ဒူ၊ ဇူလိုင် ၂၄ ရက်(ဆင်ဟွာ) နီပေါနိုင်ငံ အနောက်ပိုင်း Gulmi ခရိုင်တွင် ဇူလိုင် ၂၃ ရက်က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပွားရာ အနည်းဆုံး လူ ၈ ဦးသေဆုံးခဲ့ကြောင်း သိရသည်။ အချင်းဖြစ်ရပ် အပါအဝင် နီပေါတွင် ယခုနှစ် မိုးရာသီကာလအတွင်း သေဆုံးသူသည်...
မက္ကဆီကိုစီးတီး ၊ ဇူလိုင် ၂၄ ရက်(ဆင်ဟွာ) မက္ကဆီကို နိုင်ငံ မြောက်ပိုင်း ချီဟွားဟွား(Chihuahua)ပြည်နယ်တွင် လေယာဉ်ငယ် တစ်စင်းသည် ဇူလိုင် ၂၃ ရက်တွင် ပျက်ကျမှု ဖြစ်ပွားရာ လူ လေးဦး သေဆုံးသွားခဲ့ကြောင်း အစိုးရ ရှေ့နေ၏ ပြောကြားချက် အရ သိရသည်။
လန်ဒန် ၊ ဇူလိုင် ၂၄ ရက်(ဆင်ဟွာ) ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဟောင်း နှင့် လန်ဒန်မြို့တော်ဝန်ဟောင်း ဖြစ်သူ ဘောရစ်ဂျွန်ဆင်(Boris Johnson) သည် လက်ရှိအာဏာရ ကွန်ဆာဗေးတစ်ပါတီ၏ခေါင်းဆောင် အဖြစ်ဇူလိုင် ၂၃ ရက်က ရွေးကောက်တင်မြှောက်ခံရပြီး ၊ ၎င်းသည် ဗြိတိန်နိုင်ငံ၏ဝန်ကြီးချုပ်သစ် ဖြစ်လာခဲ့သည်။