Connect with us

ASEAN

စင်ကာပူနိုင်ငံ၌ COVID-19 ရောဂါ လူနာသစ် ၃၉ ဦး တွေ့ရှိ

စင်ကာပူနိုင်ငံ၌ ကိုဗစ်ကာကွယ်ရေးအဖြစ် နှာခေါင်းစည်းတပ်ဆင်သွားလာသူတစ်ဦးအား ၂၀၂၀ ပြည့်နှစ် မေ ၂၇ ရက်ကတွေ့ရစဉ်(ဆင်ဟွာ)

စင်ကာပူ ၊ မေ ၃ ရက်(ဆင်ဟွာ)

စင်ကာပူနိုင်ငံကျန်းမာရေးဝန်ကြီးဌာနက(MOH)က မေ ၂ ရက်တွင် COVID-19 အတည်ပြုလူနာသစ် ၃၉ ဦး စစ်ဆေးတွေ့ရှိကြောင်း နှင့် နိုင်ငံအတွင်း အတည်ပြုလူနာစုစုပေါင်း ၆၁,၂၁၈ ဦးထိရောက်ရှိလာခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။
ယင်းအတည်ပြုလူနာသစ်များအနက် ၂၅ ဦးမှာ ပြည်ပမှ ဝင်ရောက်လာသူများဖြစ်ပြီး ၁၄ ဦးမှာ လူမှုအသိုင်းအဝိုင်းကြားကူးစက်မှုများဖြစ်ကြောင်း သိရသည်။

စင်ကာပူနိုင်ငံ၌ မေ ၂ ရက်တွင် ဆေးရုံများ သို့မဟုတ် သီးခြားခွဲနေထိုင်မှုနေရာများမှ ဆင်းခွင့်ရသူ ၂၁ ဦးထပ်မံ ရှိခဲ့ရာ နိုင်ငံအတွင်း COVID-19 ရောဂါ အလုံးစုံ သက်သာ ပျောက်ကင်း၍ ဆေးရုံများ သို့မဟုတ် သီးခြားခွဲနေထိုင်ရာနေရာများမှ အိမ်ပြန်ဝင်ခွင့်ရသူစုစုပေါင်း ၆၀ယ၇၈၆ ဦးထိ ရှိလာကြောင်း ဝန်ကြီးဌာနက ဆိုသည်။

လက်ရှိတွင် ဆေးရုံ၌ ဆေးဝါးကုသမှုခံယူနေရဆဲ လူနာ ၁၂၆ ဦးရှိသည်။ ယင်းတို့အနက် အများစုမှာ ကျန်းမာရေးအခြေအနေတည်ငြိမ်လျက် သို့မဟုတ် တိုးတက်ကောင်းမွန်လျက် ရှိကြောင်း သိရသည်။ မည်သူတစ်ဦးတစ်ယောက်မျှ အထူးကြပ်မတ်ကုသဆောင်(ICU)တွင် တက်ရောက်နေရခြင်းမရှိကြောင်း သိရသည်။

ထို့ပြင် လူနာ ၂၇၅ ဦးမှာ လူထုအခြေပြုစောင့်ကြည့်ရေးနေရာများ၌ သီးခြားခွဲနေထိုင်လျက်ရှိသည်။ ထိုသူများသည် ရောဂါလက္ခဏာပြင်းထန်ခြင်း မရှိကြသူများ သို့မဟုတ် ကျန်းမာရေးအခြေအနေကောင်းမွန်သူများ ဖြစ်ကြကြောင်း သို့သော်လည်း COVID-19 စစ်ဆေးတွေ့ရှိထားသူများဖြစ်ကြကြောင်း သိရသည်။စင်ကာပူနိုင်ငံ၌ ကိုဗစ်ကူးစက်ခံရမှုနှင့်ဆက်စပ်၍ ရောဂါအမျိုးမျိုးဖြင့် သေဆုံးရသူပေါင်း ၃၁ ဦး ရှိကြောင်း သိရသည်။(Xinhua)
—————————————
(English Version)
Singapore reports 39 new COVID-19 cases

SINGAPORE, May 2 (Xinhua) — Singapore’s Ministry of Health (MOH) reported 39 new COVID-19 cases on Sunday, bringing the total confirmed cases in the country to 61,218.
Of the new cases, 25 are imported cases and 14 are community cases.
On Sunday, 21 more cases of COVID-19 infection have been discharged from hospitals or community isolation facilities. In all, 60,786 have fully recovered from the disease and have been discharged from hospitals or community care facilities, the ministry said.
There are currently 126 confirmed cases who are still in hospital. Of these, most are stable or improving, and none is in the intensive care unit.
Furthermore, 275 are isolated and cared for at community facilities. These are those who have mild symptoms, or are clinically well but still test positive for COVID-19.
Altogether 31 people have passed away from complications due to COVID-19 infection. Enditem