Connect with us

CHINA

တရုတ်နိုင်ငံက လှူဒါန်းသည့် COVID-19 ကာကွယ်ဆေးများ မြန်မာနိုင်ငံသို့ ရောက်ရှိ

တရုတ်နိုင်ငံမှ လှူဒါန်းသော COVID-19 ကာကွယ်ဆေးများ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာစဉ်(ဓာတ်ပုံ - Chinese Embassy in Myanmar )

ရန်ကုန် ၊ မေ ၂ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ အစိုးရက လှူဒါန်းသည့် COVID-19 ကာကွယ်ဆေး အသုတ်တစ်သုတ်သည် မြန်မာနိုင်ငံ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ယနေ့ မေ ၂ ရက်တွင် ရောက်ရှိခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

ကာကွယ်ဆေးများပေးပို့ရန် တရုတ်နိုင်ငံက ယခုနှစ်ဆန်းပိုင်း၌ ကတိပေးထားခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံ၌ ကပ်ရောဂါကာကွယ်ထိန်းချုပ်ရန် အရေးပါသောအချိန်ကာလ၌ လွှဲပြောင်းပေးအပ်ခြင်းသည် တရုတ်-မြန်မာ အပြန်အလှန် ဖေးမကူညီသည့် ဆွေမျိုးပေါက်ဖော်သံယောဇဉ်နှင့် အေးအတူပူအမျှ အသိုက်အဝန်းစိတ်ဓာတ်ကို ပေါ်လွင်စေကြောင်း သံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားပြီး ယင်းကာကွယ်ဆေးများသည် ကပ်ရောဂါတိုက်ဖျက်ရေး နှင့် မြန်မာနိုင်ငံပြည်သူများ၏ အသက်နှင့် ကျန်းမာရေးကို ကာကွယ်ပေးရန် မျှော်လင့်ကြောင်း သိရသည်။

COVID-19 ရောဂါ စတင်ဖြစ်ပွားချိန်ကတည်းက တရုတ်နိုင်ငံသည် မြန်မာနိုင်ငံသို့ ဆေးဝါးများနှင့် ပစ္စည်းကိရိယာများ လှူဒါန်းပေးအပ်ရုံသာမက ဆေးဘက်ဆိုင်ရာကျွမ်းကျင်ပညာရှင်များအဖွဲ့ကို စေလွှတ်ခြင်းနှင့်အတူ တရုတ် နှင့် မြန်မာနိုင်ငံသည် ထိရောက်သော ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်ခဲ့ကြကြောင်း သိရသည်။ (Xinhua)

—————————————
(English Version)
China-donated COVID-19 vaccines arrive in Myanmar

YANGON, May 2 (Xinhua) — A batch of COVID-19 vaccines donated by the Chinese government arrived at the Yangon International Airport on Sunday, according to a release from the Chinese embassy on Sunday.
The donated vaccines, promised by China earlier this year, was handed over at a critical stage of prevention and control against the pandemic, demonstrating the “Paukphaw” (fraternal) friendship and spirit of a community with a shared future, said the embassy, hoping that the vaccines can help protect life and health of Myanmar people and combat the pandemic.
Since the outbreak of COVID-19, China and Myanmar have carried out effective cooperation, with China not only donating medicines and equipment, but also sending medical experts to assist Myanmar in combating the pandemic. Enditem