Connect with us

Asia

COVID-19 ကပ်ရောဂါကြောင့် Lockdown ပြုလုပ်ထားသော ပါကစ္စတန်နိုင်ငံလာဟိုးမြို့မြင်ကွင်းများ

COVID-19 ကပ်ရောဂါ ကူးစက်ပြန့်နှံ့နေခြင်းကြောင့် ပါကစ္စတန်နိုင်ငံ လာဟိုးမြို့အား လော့ဒေါင်းပြုလုပ်ထားသည်ကို မေ ၂ ရက်ကတွေ့ရစဉ်(ဆင်ဟွာ)

အစ္စလာမ်မာဘတ်၊မေ ၃ ရက်(ဆင်ဟွာ)

COVID-19 ကပ်ရောဂါကူးစက်မှုကို ထိန်းချုပ်ရန်အတွက် ပါကစ္စတန်နိုင်ငံလာဟိုးမြို့(Lahore) ၌ မေ ၁ ရက် နှင့် ၂ ရက်နေ့များတွင် တစ်မြို့လုံးအတိုင်းအတာဖြင့် အလုံးစုံပိတ်ဆို့မှုလော့ဒေါင်း(lockdown) ပြုလုပ်ခဲ့ကြောင်း သိရသည်။

 COVID-19 ကပ်ရောဂါ ကူးစက်ပြန့်နှံ့နေသော ပါကစ္စတန်နိုင်ငံ လာဟိုးမြို့တွင် လော့ဒေါင်းပြုလုပ်ထားပြီးနောက် လုံခြုံရေးတပ်ဖွဲ့ဝင်များ ကင်းလှည့်နေသည်ကို မေ ၂ ရက်ကတွေ့ရစဉ်(ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံ၌ ယခုအခါ COVID-19 ရောဂါ တတိယလှိုင်းအား ထိန်းချုပ်နိုင်ရန်အတွက် အပြင်းအထန်ရုန်းကန်နေရသည်။ လွန်ခဲ့သော ၂၄ နာရီအတွင်း နိုင်ငံ၌ အတည်ပြုလူနာသစ် ၄,၄၁၄ ဦး တွေ့ရှိခဲ့ခြင်းနှင့်အတူ ယခုအခါ COVID-19 ရောဂါ ဖြစ်ပွားသူ စုစုပေါင်း ၈၂၉,၉၃၃ ဦးထိရှိလာခဲ့ကြောင်း ပါကစ္စတန်နိုင်ငံရောဂါထိန်းချုပ်ရေးလမ်းညွှန်မှုစင်တာ(NCOC) က မေ ၂ ရက်တွင် ပြောကြားခဲ့သည်။(Xinhua)
—————————————
(English Version)
Pakistan’s Lahore under lockdown amid COVID-19 pandemic
ISLAMABAD, May 3 (Xinhua) — A complete lockdown is imposed in Pakistan’s Lahore on Saturdays and Sundays to control the spread of COVID-19 pandemic.
Pakistan is struggling to contain the third wave of COVID-19. The country reported 4,414 new COVID-19 cases over the last 24 hours, bringing the total number of confirmed cases to 829,933, the NCOC said on Sunday.

(1)Photo taken on May 2, 2021 shows a closed market during a lockdown to control the spread of COVID-19 in Lahore, Pakistan. (Photo by Jamil Ahmed/Xinhua)
(2,3,4) Pakistani soldiers patrol on a road during a lockdown to control the spread of COVID-19 in Lahore, Pakistan, on May 2, 2021. (Photo by Jamil Ahmed/Xinhua)