ရှန်ဟိုင်း၊ မေ ၁၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ရှန်ဟိုင်း၌ ရောင်ခြည်လှိုင်းသေးငယ်ပြီး အီလက်ထရွန်ကင်းစင်သည့် x-ray လေဆာ SXFEL စနစ်အား ယခုနှစ်ကုန်ပိုင်းတွင် အသုံးပြုနိုင်အောင် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။ SXFEL မှာ တရုတ်နိုင်ငံတွင် ပထမဆုံး အီလက်ထရွန်ကင်းစင်သည့် X-ray လေဆာ အမျိုးအစားဖြစ်ပြီး အလင်းအရင်းအမြစ်၏ စတုတ္ထမျိုးဆက်ဟုလည်း...
ဘန်ကောက်၊ မေ ၁၈ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံတွင် ပြီးခဲ့သည့် ၂၄ နာရီအတွင်း COVID-19 ဖြင့် သေဆုံးသူ ၃၅ ဦးရှိပြီး ကပ်ရောဂါစတင်ဖြစ်ပွားသည့်ချိန်မှစ၍ နေ့စဉ်သေဆုံးမှုစာရင်းတွင် အမြင့်ဆုံးဖြစ်ကြောင်း COVID-19 အခြေအနေ စီမံခန့်ခွဲမှု ဗဟိုဌာန (CCSA) က မေ ၁၈ ရက်တွင်ထုတ်ပြန်သည်။
ပေကျင်း၊ မေ ၁၈ ရက် (ဆင်ဟွာ) တရုတ်-ဥရောပ ကုန်တင်ရထား အရေအတွက်မှာ ဧပြီလတွင် ၁,၂၁၈ စီးပြေးဆွဲခဲ့ပြီး ယခင်နှစ်ကထက် ၂၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း မေ ၁၈ ရက်၌ ထုတ်ပြန်ခဲ့သော အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင် (NDRC) မှ အချက်အလက်များ၌ ဖော်ပြထားသည်။
ဗီယင်ကျန်း ၊ မေ ၁၈ ရက်(ဆင်ဟွာ) လာအိုနိုင်ငံအစိုးရသည် ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းတွင်နိုင်ငံ့လူဦးရေ၏ ၅၀ ရာခိုင်နှုန်းကို ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် ကြေညာထားသည့်အတိုင်း COVID-19 ကာကွယ်ဆေးထိုးနှံရေး အစီအစဉ်ကို အရှိန်မြှင့်တင်ခဲ့ကြောင်း သိရသည်။
ပေကျင်း၊ မေ ၁၈ ရက်(ဆင်ဟွာ) တရုတ်-ဥရောပ ရထားမောင်းနှင်သွားလာမှုသည် လက်ရှိအချိန်အထိ ရထားအစီးရေ စုစုပေါင်း (၃၈,၀၀၀)စီး၊ သယ်ယူပို့ဆောင်သည့် ကုန်ပစ္စည်း TEUကွန်တိန်နာ (၃.၄)သန်းရှိပြီဖြစ်ရာ ဥရောပတိုက် နိုင်ငံပေါင်း (၂၂)နိုင်ငံရှိ မြို့ပေါင်း (၁၅၁)မြို့ကို သွားလာနိုင်ခြင်းကြောင့် ကုန်ပစ္စည်းသယ်ယူပို့ဆောင်မှု ကွန်ရက်သည့် ဥရောပတစ်ခုလုံးကို လွှမ်းခြုံထားကြောင်း တရုတ်နိုင်ငံ အမျိုးသား...