Connect with us

Asia

လာအိုနိုင်ငံက COVID-19 ကာကွယ်ဆေးထိုးနှံရေး အစီအစဉ် အရှိန်မြှင့်တင်

ဗီယင်ကျန်း ၊ မေ ၁၈ ရက်(ဆင်ဟွာ)

လာအိုနိုင်ငံအစိုးရသည် ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းတွင်နိုင်ငံ့လူဦးရေ၏ ၅၀ ရာခိုင်နှုန်းကို ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် ကြေညာထားသည့်အတိုင်း COVID-19 ကာကွယ်ဆေးထိုးနှံရေး အစီအစဉ်ကို အရှိန်မြှင့်တင်ခဲ့ကြောင်း သိရသည်။ကာကွယ်ဆေးထိုးနှံခြင်းသည် COVID-19 ရောဂါပြန့်နှံမှုကို ထိန်းချုပ်ရန် အကောင်းဆုံး နည်းလမ်းများအနက် တစ်ခုဖြစ်ကြောင်း လာအိုနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန လက်အောက်ရှိ မိခင်နှင့်ကလေး ကျန်းမာရေးစင်တာ ညွှန်ကြားရေးမှူး Viengkhan Phixay ၏ မေ ၁၈ ရက်တွင် Vientiane Times ပြည်တွင်းထုတ် နေ့စဉ်သတင်းစာ၌ ပြောကြားချက်ကို ကိုးကားဖော်ပြခဲ့သည်။

“လာအိုပြည်သူတွေ ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီးပြီဆိုရင် ရောဂါရဲ့ ပြင်းထန်တဲ့ လက္ခဏာတွေ ဖြစ်ပေါ်မှာ မဟုတ်တော့ပါဘူး။ဆိုးဆိုးရွားရွားလဲ မဖြစ်နိုင်ပါဘူး။ကာကွယ်ဆေးထိုးနှံထားတဲ့လူတွေမှာ ဗိုင်းရပ်စ်ပြန့်နှံမှုနှုန်းက ၅၀ ရာခိုင်နှုန်းထိ ကျဆင်းသွားနိုင်ပါတယ်။“ဟု ၎င်းက ပြောကြားခဲ့သည်။
ယခုအချိန်ထိ လာအိုနိုင်ငံ၌ စုစုပေါင်း လူဦးရေ၏ ၁၀ ဒသမ ၃ ရာခိုင်နှုန်း သို့မဟုတ် လူပေါင်း ၇၆၀,၀၀၀ ဦး လွှမ်းခြုံနိုင်သည့် ကာကွယ်ဆေး စုစုပေါင်း ၁ ဒသမ ၅၃ သန်း သိုလှောင်ထားကြောင်း သိရသည်။

ယခုအထိ ပြည်သူ ၅၀၀,၀၀၀ ဦးကျော်အား ပထမအကြိမ် ကာကွယ်ဆေး ထိုးနှံထားပြီး ပြည်သူ ၉၂,၂၀၀ ဦးမှာ ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးနှံထားပြီးဖြစ်ကြောင်း သိရသည်။

လာအိုနိုင်ငံသည် တရုတ်နိုင်ငံ နှင့် ဗီယက်နမ်နိုင်ငံတို့အပါအဝင် နိုင်ငံများမှ အကူအညီအဖြစ် ကာကွယ်ဆေးများ လက်ခံရရှိခဲ့ကြောင်း သိရသည်။
မေ ၁၈ ရက်အထိ လာအိုနိုင်ငံ၌ COVID-19 အတည်ပြုလူနာပေါင်း ၁,၆၉၇ ဦး ရှိပြီး ၉၉၉ ဦးမှာ ဆေးရုံများ၌ ကုသမှု ခံယူနေကြကြောင်း သိရသည်။
လာအိုနိုင်ငံ၌ ၂၀၂၀ ပြည့်နှစ် မတ် ၂၄ ရက်တွင် ပထမဆုံး COVID-19 ရောဂါ ဖြစ်ပွားသူ နှစ်ဦးအား တွေ့ရှိခဲ့ကြောင်း သိရသည်။
——————————————————-
(Chinese Version)

Laos expedites COVID-19 vaccination program

VIENTIANE, May 18 (Xinhua) — The Lao government is speeding up the rollout of the COVID-19 vaccination program to ensure 50 percent of the Lao population is inoculated by the end of 2021.

Vaccination is one of the best ways to contain the spread of COVID-19, Viengkhan Phixay, director of the Mother and Child Health Center under the Lao Ministry of Health, was quoted by local daily Vientiane Times as saying on Tuesday.

“If Lao people receive two doses of vaccine, severe symptoms of the disease will not occur and it won’t be fatal. The pace of the spread of the virus in immunized people will drop by 50 percent,” she said.

At the moment, the total stock of vaccines in Laos stands at more than 1.53 million doses, which should cover 760,000 people or 10.3 percent of the total population.

So far, more than 500,000 people have received the first dose of the vaccine, while more than 92,200 people have received the second dose.

Laos has received vaccines as assistance from countries including China and Vietnam.As of Tuesday, the total number of confirmed cases of COVID-19 in Laos is 1,697, with 999 people undergoing treatment in hospitals.

Laos reported its first two confirmed cases of COVID-19 on March 24 last year. Enditem