Connect with us

Economy

ဥရောပတိုက် နိုင်ငံပေါင်း (၂၂)နိုင်ငံရှိ မြို့ပေါင်း(၁၅၁)မြို့သို့ သွားရောက်သည့် တရုတ်-ဥရောပ ရထားအစီးရေ (၃၈,၀၀၀)ကျော်ရှိ

ပေကျင်း၊ မေ ၁၈ ရက်(ဆင်ဟွာ)

တရုတ်-ဥရောပ ရထားမောင်းနှင်သွားလာမှုသည် လက်ရှိအချိန်အထိ ရထားအစီးရေ စုစုပေါင်း (၃၈,၀၀၀)စီး၊ သယ်ယူပို့ဆောင်သည့် ကုန်ပစ္စည်း TEUကွန်တိန်နာ (၃.၄)သန်းရှိပြီဖြစ်ရာ ဥရောပတိုက် နိုင်ငံပေါင်း (၂၂)နိုင်ငံရှိ မြို့ပေါင်း (၁၅၁)မြို့ကို သွားလာနိုင်ခြင်းကြောင့် ကုန်ပစ္စည်းသယ်ယူပို့ဆောင်မှု ကွန်ရက်သည့် ဥရောပတစ်ခုလုံးကို လွှမ်းခြုံထားကြောင်း တရုတ်နိုင်ငံ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးနှင့်ပြုပြင်ပြောင်းလဲရေးကော်မရှင်၏ ပြောရေးဆိုခွင့်ရှိသူ ကျင်းရှန်တုန်းက မေ ၁၈ ရက် ပုံမှန် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။၂၀၁၆ ခုနှစ် ဇွန်လတွင် တရုတ်-ဥရောပ ရထားများကို တရားဝင်စတင်ခဲ့သည်။ (၅)နှစ်နီးပါးကြာကာလတွင် တရုတ်-ဥရောပ ရထားများသည် အပြန်အလှန်အကျိုးဖြစ်ထွန်းအောင် မပြတ် အရှိန်မြှင့်တင် လျှင်မြန်စွာ ပြေးဆွဲနိုင်ခဲ့သည်။ ၂၀၂၁ ခုနှစ် ဧပြီလတွင် တရုတ်-ဥရောပ ရထားအစီးရေး (၁,၂၁၈)စီး၊ သယ်ယူပို့ဆောင်သည့် ကုန်ပစ္စည်း TEUကွန်တိန်နာ (၁၁၇,၀၀၀)ရှိခဲ့ရာ ပြီးခဲ့သည့်ကာလတူထက် (၂၄)ရာခိုင်နှုန်းနှင့် (၃၃)ရာခိုင်နှုန်း တိုးတက်လာခဲ့ကြောင်း ၊ ကုန်ပစ္စည်းထည့်သွင်းထားသည့် ကွန်တိန်နာသည် ကွန်တိန်နာစုစုပေါင်း၏ (၉၈) ရာခိုင်နှုန်းရှိခြင်းကြောင့် တည်ငြိမ်စွာ တိုးတက်လာသည့် အနေအထားရှိကြောင်း သိရသည်။

#China, #EU, #Train, #Trade, #myanmar, #xinhua, #xinhuamyanmar, #တရုတ်, #ဥရောပ, #ရထား, #ကုန်သွယ်ရေး, #ဆင်ဟွာ
——————————————————-
(Chinese Version)

中欧班列累计开行3.8万列 通达欧洲22个国家151个城市

国家发展改革委新闻发言人金贤东在18日召开的5月份例行新闻发布会上说,截至目前,中欧班列累计开行已达3.8万列,运送货物340万标箱,通达欧洲22个国家的151个城市,物流配送网络覆盖欧洲全境。

2016年6月,中欧班列统一品牌正式发布启用。近5年来,中欧班列不断跑出互利共赢“加速度”。2021年4月份,中欧班列开行1218列,运送货物11.7万标箱,同比分别增长24%、33%,综合重箱率98%,保持了稳中有进的发展势头。(记者安蓓、谢希瑶)

新华社照片,重庆,2021年1月1日

中欧班列(成渝)号首列班车发车
2021年1月1日,中欧班列(成渝)号首列班车在重庆团结村站等待发车。

当日上午,重庆、成都两地同时发出2021年中欧班列(成渝)号第一趟列车。满载电子产品、机械零件、智能家电的两列中欧班列一路向西,驶往欧洲的德国杜伊斯堡和波兰罗兹。