ဟာဗားနား၊ ဧပြီ ၂၃ ရက် (ဆင်ဟွာ) ကျူးဘားနိုင်ငံရှိ လူဦးရေ ၂ သန်းကျော်နေထိုင်သော ဟာဗားနားမြို့တွင် နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) တိုက်ဖျက်ရေးအတွက် လူထုကာကွယ်ဆေးထိုးနှံခြင်းကို မေလ၌ စတင်ရန် ကျန်းမာရေးအာဏာပိုင်များက ပြင်ဆင်ဆောင်ရွက်နေပြီဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက ဧပြီ ၂၂ ရက်၌ ပြောကြားခဲ့သည်။
နယူးရောက်၊ ဧပြီ ၂၃ ရက် (ဆင်ဟွာ) ဈေးကွက်အတွင်း နောက်ဆုံးရအချက်အလက်များအား ဆန်းစစ်ချက်အရ ဧပြီ ၂၂ ရက်နှောင်းပိုင်း ကုန်သွယ်မှုတွင် အမေရိကန်ဒေါ်လာမှာ အမြင့်ဘက်သို့ ဦးတည်ခဲ့ကြောင်း သိရသည်။
အော့တဝါ၊ ဧပြီ ၂၃ ရက် (ဆင်ဟွာ) ကနေဒါနိုင်ငံက အိန္ဒိယနှင့် ပါကစ္စတန် နှစ်နိုင်ငံတွင် COVID-19 ရောဂါဖြစ်ပွားမှု ဆက်လက်မြင့်တက်လာသဖြင့် ၎င်းနှစ်နိုင်ငံမှ လေယာဥ်ခရီးစဥ်များအားလုံးကို ဧပြီ ၂၂ ရက်မှစတင်ကာ ရက်ပေါင်း ၃၀ ကြာ တားမြစ်လိုက်ကြောင်း သိရသည်။
ဒမားစကပ် ၊ ဧပြီ ၂၃ ရက် (ဆင်ဟွာ) ဆီရီးယားနိုင်ငံက ဧပြီ ၂၂ ရက်၌ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဦးဆောင်သော COVAX အစီအစဉ်ဖြင့် COVID-19 ရောဂါကာကွယ်ဆေးအခုရေ ၂၀၃,၀၀၀ လက်ခံရရှိ ခဲ့ကြောင်း သိရှိရသည်။
ဝါရှင်တန်၊ ဧပြီ ၂၃ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ ဗဟိုကွပ်ကဲရေး တပ်မှူး Kenneth McKenzie က လာမည့်လများအတွင်း အာဖဂန်နစ္စတန်နိုင်ငံမှ အမေရိကန် တပ်ဖွဲ့ဝင်များ ရုပ်သိမ်းပြီးနောက် အာဖဂန်စစ်တပ်၏ ဆောင်ရွက်နိုင်စွမ်းကို စိုးရိမ်မိကြောင်း ဧပြီ ၂၂ ရက်၌ ပြောကြားခဲ့သည်။