Connect with us

Africa & Middle East

ဆီးရီးယားနိုင်ငံ က COVAX အစီအစဉ်ဖြင့် COVID-19 ရောဂါကာကွယ်ဆေးအခုရေ ၂၀၃,၀၀၀ လက်ခံရရှိ

ဆီးရီးယားနိုင်ငံ မြို့တော် ဒမားစကပ်ရှိ စာသင်ကျောင်းတစ်ခုတွင် ဧပြီလ၌ ပိုးသတ်ခြင်းလုပ်ငန်း ဆောင်ရွက်နေသည်ကိုမြင်တွေ့ရစဉ် (ဆင်ဟွာ)

ဒမားစကပ် ၊ ဧပြီ ၂၃ ရက် (ဆင်ဟွာ)

ဆီရီးယားနိုင်ငံက ဧပြီ ၂၂ ရက်၌ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဦးဆောင်သော COVAX အစီအစဉ်ဖြင့် COVID-19 ရောဂါကာကွယ်ဆေးအခုရေ ၂၀၃,၀၀၀ လက်ခံရရှိ ခဲ့ကြောင်း သိရှိရသည်။

ဆီးရီးယားနိုင်ငံကျန်းမာရေးဝန်ကြီး Hassan Ghabash က ဧပြီ ၂၂ ရက်၌ ကျင်းပပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ဆီးရီးယားနိုင်ငံအနေဖြင့် COVAX အစီအစဉ်၏ ဝင်ငွေအလယ်အလတ် နှင့် ဝင်ငွေနည်းပါးသော နိုင်ငံများအား COVID-19 ရောဂါကာကွယ်ဆေး ခွဲဝေပေးသည့် မူဘောင်အောက်မှ ပေးအပ်သော ပထမဆုံးအသုတ် ကာကွယ်ဆေး အခုရေ ၂၀၃,၀၀၀ ကို လက်ခံရရှိခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

Hassan Ghabash က ဆီးရီးယားနိုင်ငံအနေဖြင့် ဆက်လက်၍ နိုင်ငံတကာအသိုင်းအဝိုင်းနှင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ပြီး ကာကွယ်ဆေးများ အချိန်မီ ထောက်ပံ့ပေးနိုင်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၊ တစ်ချိန်တည်းတွင် အမျိုးသားကာကွယ်ဆေးထိုးနှံပေးမှု အစီအစဉ်ကို ထိရောက်စွာဆောင်ရွက်သွားမည်ဖြစ်ပြီး ရှေ့တန်း၌ တာဝန်ထမ်းဆောင်နေသော ဆေးဘက်ဆိုင်ရာဝန်ထမ်းများ ၊ သက်ကြီးရွယ်အိုများ နှင့် နာတာရှည်ရောဂါဝေဒနာ ခံစားနေရသူများကို ကာကွယ်ဆေး ဦးစားပေးထိုးနှံပေးသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

COVID-19 ရောဂါကာကွယ်ဆေး ဆောင်ရွက်မှုအစီအစဉ် (COVAX) သည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၊ ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေးတီထွင်ဆန်းသစ်မှုညွန့်ပေါင်းအဖွဲ့(The Coalition for Epidemic Preparedness Innovations,CEPI) နှင့် ကာကွယ်ဆေး နှင့် ကာကွယ်ဆေးထိုးနှံခြင်း ကမ္ဘာလုံးဆိုင်ရာ မဟာမိတ်အဖွဲ့ (The Global Alliance for Vaccines and Immunisation,GAVI) တို့မှ အတူတကွဦးဆောင်သော အစီအစဉ်တစ်ခုဖြစ်ပြီး ရည်ရွယ်ချက်အနေဖြင့် အစီအစဉ်တွင် ပါဝင်သော နိုင်ငံ နှင့် စီးပွားရေးအသိုက်အဝန်းအားလုံးမှ တန်းတူညီမျှစွာ COVID-19 ရောဂါကာကွယ်ဆေးများ ရရှိနိုင်ရန်ဖြစ်ကြောင်း ၊ အစီအစဉ်၏ အဓိကဦးတည်ချက်မှာ ၂၀၂၁ နှစ်ကုန်ပိုင်းအချိန်တွင် ကာကွယ်ဆေးအခုရေ ၂ ဘီလီယံကို ထောက်ပံ့ပေးနိုင်ရန်ဖြစ်ကြောင်းသိရှိရသည်။

ဆီးရီးယားနိုင်ငံကျန်းမာရေးဝန်ကြီးဌာန၏ ဧပြီ ၂၁ ရက်ထုတ်ပြန်ခဲ့သော စာရင်းပြုစုချက်အရ ယင်းနေ့တွင် ဆီးရီးယားနိုင်ငံ၌ COVID-19 ရောဂါထပ်မံကူးစက်ခံရသူ ၁၅၁ ဦးရှိခဲ့ပြီး ရောဂါကူးစက်ခံရသူစုစုပေါင်း ၂၁,၅၈၄ ဦးရှိကြောင်း ၊ COVID-19 ရောဂါကြောင့် ထပ်မံသေဆုံးခဲ့ရသူ ၁၅ ဦးရှိခဲ့ပြီး ရောဂါကြောင့်သေဆုံးခဲ့ရသူစုစုပေါင်း ၁,၄၈၃ ဦးရှိလာကြောင်း ၊ COVID-19 ရောဂါမှ ပြန်လည်သက်သာလာသူ ၁၂၈ ဦးရှိခဲ့ပြီး ရောဂါမှပြန်လည်သက်သာလာသူစုစုပေါင်း ၁၅,၂၁၆ ဦးရှိကြောင်း သိရှိရသည်။ (Xinhua)
———————————–
(Chinese Version)
(国际疫情)叙利亚通过COVAX计划接收20.3万剂新冠疫苗
2021-04-23 03:51:25 分类: 政治法律
  新华社大马士革4月22日电(记者郑一晗 汪健)叙利亚22日通过世界卫生组织主导的“新冠肺炎疫苗实施计划(COVAX)”获得20.3万剂新冠疫苗。
  叙利亚卫生部长哈桑•加巴什当天在新闻发布会上说,在COVAX向中低收入国家分配新冠疫苗的框架下,叙利亚接收了来自该计划的首批20.3万剂新冠疫苗。
  加巴什表示,叙方将继续与国际社会加强协调合作,以保障疫苗及时供应,并有效实施国家疫苗接种计划,优先为一线医护人员、老人和慢性病患者接种疫苗。
  “新冠肺炎疫苗实施计划”由世卫组织、流行病防范创新联盟、全球疫苗免疫联盟共同领导,旨在确保所有参与的国家和经济体都能公平获得新冠疫苗。其核心目标是到2021年年底提供20亿剂疫苗。
  叙利亚卫生部21日发布的数据显示,该国当天新增新冠确诊病例151例,累计确诊21584例;新增死亡病例15例,累计死亡1483例;新增治愈病例128例,累计治愈15216例。(完)

Photo
4月5日,工作人员在叙利亚首都大马士革一所学校的教室进行消毒作业。新华社发(阿马尔•萨法尔贾拉尼摄)