ရှန်ဟိုင်း၊ မေ ၅ ရက်(ဆင်ဟွာ) အကြိမ် (၃၀)မြောက် တရုတ်နိုင်ငံတကာစက်ဘီးပြပွဲကို ယနေ့(မေ ၅ ရက်)တွင် ရှန်ဟိုင်းမြို့၌ စတင်ဖွင့်လှစ်ခဲ့ပြီး (၄)ရက်ကြာ ကျင်းပမည်ဖြစ်သည်။
ပေကျင်း၊မေ ၆ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၏ သင်္ဘောတည်ဆောက်ရေးလုပ်ငန်းသည် ယခုနှစ် ပထမသုံးလပတ်တွင် ခိုင်မာစွာ တိုးတက်နေသည်ကိုတွေ့ခဲ့ရပြီး တစ်ချိန်တည်းမှာပင် အပြီးသတ်တည်ဆောက်ပေးနိုင်ခြင်း ပမာဏမှာလည်း ကြီးမားသော ကမ္ဘာ့ရှယ်ယာကို ဆက်လက်ထိန်းသိမ်းထားကြောင်း နှင့် အမှာစာသစ်များကိုလည်း ဆက်လက်လက်ခံရရှိနေကြောင်း တရားဝင်ကိန်းဂဏန်းများအရ သိရသည်။
ပေကျင်း၊ မေ ၅ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် Mesquiteမြို့တွင် မေ ၄ ရက်က ရဲတပ်ဖွဲ့ဝင်(၂)ဦး၏ ပစ်ခတ်မှုကြောင့် Ashton Pinkeအမည်ရှိ အာဖရိကန်နွယ်ဖွား အမေရိကန်နိုင်ငံသား အမျိုးသားတစ်ဦး သေဆုံးခဲ့သည်။
ကဘူးလ် ၊ မေ ၅ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနက မေလ ၄ ရက် ထုတ်ပြန်ကြေညာချက်အရ လွန်ခဲ့သည့် ၂၄ နာရီအတွင်း အစိုးရတပ်ဖွဲ့အနေဖြင့် တာလီဘန် လက်နက်ကိုင် ၁၈၁ ဦးကို ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း သိရှိရသည်။
ကိုင်ရို ၊ မေ ၅ ရက်(ဆင်ဟွာ) အီဂျစ်နိုင်ငံက ပြင်သစ်နိုင်ငံမှ Rafale တိုက်လေယာဉ် အစင်း ၃၀ ဝယ်ယူရန် သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ကြောင်း အီဂျစ်စစ်တပ်၏မေ ၄ ရက်တွင် ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြခဲ့သည်။